In 2019, 358 million people paid for streaming music

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

23.4.2020 | ၂၀၁၉ ခုနှစ်တွင် လူသားပေါင်း ၃၅၈ မီလီယံဟာ အွန်လိုင်းပေါ်မှတစ်ဆင့် သီချင်းနားထောင်ရန်အတွက် ငွေကြေးဖြင့်ပေးချေခဲ့ကြသည်။

သုံးစွဲသူများသည် အခကြေးငွေဖြင့် အသုံးပြုရသော သီချင်းနားထောင်နိုင်သည့် Websiteများကို ပိုမို၍အသုံးပြုလာကြသည်။ Counterpoint Research မှတင်ပြချက်များအရ ၂၀၁၈ ခုနှစ်ကထက် လွန်ခဲ့သောနှစ်အတွင်းတွင်စာရင်းပေးသွင်းမှုပြုလုပ်သူအရေအတွက် ၃၂% ခန့်ပိုများလာသည်ဟု သိရှိရပါသည်။

အွန်လိုင်းပေါ်မှ သီချင်းနားထောင်နိုင်သည့်ဝန်ဆောင်မှုများဟာ လွန်ခဲ့သောနှစ်ကုန်ပိုင်းခန့်မှ စတင်ကာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပါတယ်။ အဆိုပါ Website များအား သုံးစွဲသူဦးရေ စုစုပေါင်း ၃၅၈ မီလီယံကျော် ရှိနေပြီး ၂၀၁၉ ခုနှစ်တွင် Counterpoint Research မှတွေ့ရှိခဲ့သည်မှာ နှစ်စဉ်နှစ်တိုင်း စာရင်းပေးသွင်းမှုပြုလုပ်သူဦးရေ ၃၂% တိုးပွားလာသည်ဟုသိရှိရပါသည်။

Streaming ဝန်ဆောင်မှုများကို အသုံးပြုသူဦးရေစုစုပေါင်းမှာ ၂၃% ပိုမိုမြင့်မားလာပြီး ထိုအရေအတွက်တွင် စာရင်းပေးသွင်းမှုပြုလုပ်ထားသူများနှင့် အခကြေးငွေပေးစရာမလိုအပ်သော ဝန်ဆောင်မှု အသုံးပြုသူများလည်းပါဝင်ပါသည်။

သတင်းအချက်အလက်များအရ အဆိုပါဝန်ဆောင်မှုများကို အခကြေးငွေပေးဆောင်ရန်မလိုပဲ တစ်ကြိမ်ခန့် စမ်းသပ်အသုံးပြုပြီးနောက် လူတော်တော်များများက စာရင်းပေးသွင်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့သိရှိရပါသည်။

စာရင်းပေးသွင်းမှုပြုလုပ်ခြင်းအခံရဆုံးမှာ ထိပ်ဆုံးတွင် Spotify ဖြစ်ပြီး ၃၅% ရှိပါသည်။ ထို့နောက် Apple Music မှ ၁‌၉% နှင့် Amazon မှ ၁၅% တို့ အသီးသီးရှိကြပါသည်။

သို့သော် စာရင်းပေးသွင်းခြင်းပြုလုပ်မှ ရရှိသော အမြတ်ငွေအား ကျွန်ုပ်တို့ လေ့လာကြည့်ပါက Spotify မှ ၃၁% သောအမြတ်ငွေများကိုရရှိမည်ဖြစ်ပြီး ကျန် ၂‌၄%မှာ Apple Music မှ ရရှိမည်ဖြစ်ပါသည်။

Unicode







သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။