Iceland will host League’s World Championship

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

16.9.2021 | League of Legends ကမ္ဘာ့ Championship ပွဲစဉ်များကို Iceland တွင် ကျင်းပသွားမည်

League of Legends ကမ္ဘာ့ Championship ပွဲရဲ့ ပွဲစဉ်များကို ယခုအခါတွင် Reykjavík, Iceland ရှိ indoor sporting arena တစ်ခုတွင် ကျင်းပသွားမှာဖြစ်ကြောင်း Riot Games မှ စက်တင်ဘာလ ၉ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်လိုက်ပြီပဲဖြစ်ပါတယ်။ 

အဆိုပါ Event ကို အောက်တိုဘာလ ၅ ရက်နေ့တွင် စတင်ကျင်းပသွားမှာဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့တွင် အဆုံးသတ်မှာဖြစ်ကာ Fan များအနေနဲ့ ၎င်းပွဲသို့ တက်ရောက်၍တော့ ရနိုင်တော့မှာမဟုတ်ပါဘူး။ Reykjavík ဟာ ယခုနှစ်အတွင်း League ရဲ့ အခြားသော အပြည်ပြည်ဆိုင်ရာပြိုင်ပွဲတစ်ခုဖြစ်တဲ့ Mid-Season Invitational ပွဲစဉ်များကိုလည်း မေလအတွင်းက လက်ခံကျင်းပခဲ့ရပြီး Riot မှ “အဆိုပါ Mid-Season Invitational ပွဲကို မေလအတွင်း ကစားသမားများ၊ ဝန်ထမ်းများနဲ့ လုပ်ငန်းလက်တွဲဖော်များအကြား COVID-19 ဖြစ်ပွားမှု (လုံးဝ) မရှိပဲ ကျင်းပပေးနိုင်ခဲ့ကြောင်းကိုလည်း ထိုနေ့ကပြုလုပ်ခဲ့တဲ့ကြေငြာချက်အတွင်းတွင် ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ 

“ယခု Event ကို လက်ခံကျင်းပပေးသူများ၊ Producing ပြုလုပ်သူများ၊ ယှဉ်ပြိုင်မှုပြုလုပ်မည့်ကစားသမားများ အစရှိသူများအားလုံးရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် စိတ်ချရစေရန် Worlds 2021 ပွဲသို့ တက်ရောက်မည့်သူများကို လက်ခံသွားမှာမဟုတ်ပါဘူး။ ကျွန်ုပ်တို့အနေနဲ့ ကမ္ဘာတစ်ဝှမ်းရှိ ကျန်းမာရေးအဖွဲ့အစည်းများရဲ့ လမ်းညွှန်ချက်များနှင့် ဒေသခံအာဏာပိုင်များရဲ့လမ်းညွှန်ချက်များအတိုင်းလိုက်နာ၍ အားလုံးရဲ့လုံခြုံရေးကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟူ၍ Riot မှ ပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။