Huawei introduced its own credit card

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.4.2020 | Huawei မှ သူတို့ကိုယ်ပိုင်ထုတ်လုပ်ထားသော အကြွေးဝယ်ကတ်များကို စတင်မိတ်ဆက်ခဲ့

သုံးစွဲသူများဆိုင်ရာ ဌာနခွဲ၏ ဒါရိုက်တာဖြစ်သူ Richard Yu မှ Huawei Card ကို အသစ်စတင်မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ Huawei Card တွင် Apple Card ကဲ့သို့ပင် ကိုင်တွယ်၍အသုံးပြုနိုင်သော ကတ်ပုံစံအပြင် ဒီဂျစ်တယ်ကတ်ပုံစံတို့ပါဝင်မှာဖြစ်ပြီး NFC payment များကို ပေးခြေရန် အသုံးပြုနိုင်မည်ဖြစ်ပါသည်။

အဆိုပါငွေပေးချေနိုင်သည့်ကတ်ကို တရုတ်ဈေးကွက်သို့ ၂၀၁၆ ခုနှစ်ပိုင်းက စတင်မိတ်ဆက်ခဲ့သည့် Huawei Pay Service နှင့် ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ပြီး လတ်တစ်လောတွင် ဟောင်ကောင်၊ ရုရှားနှင့် ပါကစ်စတန် နိုင်ငံများသို့ ချဲ့ထွင်နိုင်ခဲ့ပြီး စင်္ကာပူသို့ မကြာသေးမှီက ရောက်ရှိခဲ့ပါသည်။ Huawei Card ကိုအကြီးဆုံး တရုတ်ကတ်များထုတ်လုပ်သူ၊ ပြည်တွင်းပြိုင်ဆိုင်မှုတွင် Visa နှင့် Master ကတ်များထုတ်လုပ်သူ‌ဖြစ်သည့် Union Payနှင့် အကျိုးတူပူးပေါင်းကာထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါကတ်အသစ်များကို ကိုင်ဆောင်အသုံးပြုသူများဟာ များစွာသော အကျိုးကျေးဇူးများကိုရရှိမှာဖြစ်ပါတယ်။ ပထမဦးဆုံးနှစ်အတွက် ထိုအကြွေးဝယ်ကတ်အား အသုံးပြုရန် အခကြေးငွေပေးစရာမလိုပဲ ဒုတိယနှစ်‌တွင်လည်း သတ်မှတ်ထားသောငွေပေးချေမှုပမာဏပြည့်မှီခဲ့ပါက အခကြေးငွေပေးဆောင်ရန် လိုအပ်မည်မဟုတ်ပါ။ အဆိုပါကတ်နှင့် လေဆိပ်များ နှင့် ဘူတာရုံအချို့ အတွင်းရှိ အပန်းဖြေနာ‌းနေခန်းများကို ဝင်ထွက်သွားလာရန်အသုံးပြုနိုင်မှုများ သို့မဟုတ် ပုံမှန်ငွေကြေးပေးချေမှုများနှင့် ငွေပြန်လည်အမ်းပေးသည်များကို လက်ခံမှုများ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

ဒီတရုတ်ကုမ္ပဏီကြီးရဲ့ နာမည်ဆိုးတွေကြောင့်ပဲ ထိုကတ်တွေဟာ လုံခြုံစိတ်ချရမှုရှိရဲ့လားဆိုတာကိုလည်း မေးစရာဖြစ်လာခဲ့ပါတယ်။ လတ်တစ်လောလေ့လာမှုများအရ အဆိုပါကတ်ဟာ Digital Data အားလုံးတွင်အလုပ်လုပ်ပြီး သေသေချာချာဂရုစိုက်ကာ လုံခြုံမှုပိုင်းကိုအဓိကထားလုပ်ဆောင်ထားပါသော်လည်း အဆိုပါထုတ်ကုန်သစ်သည် ဈေးကွက်သို့ မည်သည့်အချိန်တွင်ရောက်ရှိမည်ဆိုသည်ကို မသိရှိနိုင်သေးပါ။ မည်သို့ပင်ဆိုစေ တရုတ်ပြည်တွင်းတွင်တော့ စတင်အသုံးပြု၍ရနိုင်မည်ဖြစ်ပြီး အခြားနိုင်ငံများသို့ ဖြန့်ချီဖို့ရာမှာ နောက်ပိုင်းတွင်မှသာ ဖြစ်လာနိုင်မည်ဖြစ်ပါသည်။

Unicode




သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။