HTC will launch its new Vive Flow headset within this week

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

19.10.2021 | ယခုအပတ်အတွင်း HTC မှ သူတို့ရဲ့ Vive Flow headset အသစ်ကို စတင်ရောင်းချသွားရန်ရှိနေ 

HTC မှ VR headset အသစ်တစ်ခုကို ယခုအပတ်အတွင်း စတင်ရောင်းချပေးသွားဖို့ရှိနေပြီး meterverse ကဲ့သို့ virtual ကမ္ဘာတစ်ခုကိုလည်း ဖန်တီးရန်ပြုလုပ်လျှက်ရှိနေကြောင်း Protocol မှ သတင်းတစ်ပုဒ်အရသိရှိရပါတယ်။ 

Vive Flow ဟာ standalone VR headset တစ်ခုဖြစ်ပြီး media consumption device တစ်ခုအဖြစ် ရည်ရွယ်၍ထုတ်လုပ်ထားတာဖြစ်ပြီး “သာမန်ဂိမ်းကစားမှုများကိုတော့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်” “သို့သော်လည်း ၎င်းတွင် controller များတော့ပါဝင်လာမှာမဟုတ်ပဲ Oculus Quest 2 ကဲ့သို့သော device များထက်တော့ အားနည်းနိုင်ပါတယ်” ဟူ၍ Protocol ရဲ့ အဆိုပါသတင်းတွင် ရေးသားထားခဲ့ပြီး Vive Flow ဟာ HTC ရဲ့ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျင်းပမည့်ပွဲတွင် ထွက်ရှိလာမှာဖြစ်ပါတယ်။ 

Metaverse space ကိုတော့ Viveport Verse ဟုအမည်ပေးထားပြီး အဆိုပါဝန်ဆောင်မှုအကြောင်း ရေးသားထားတဲ့ site တစ်ခုပေါ်တွင် အသုံးပြုသူများအနေနဲ့ ကိုယ်ပိုင် 3D avatar များကိုပြုလုပ်နိုင်မှာဖြစ်သလို “event များကိုလည်း ပါဝင်ဆင်နွှဲနိုင်မှာဖြစ်ပါတယ်” အဆိုပါ space တွင် “NFT Showroom” နှင့် user-generated content များကိုလည်း မကြာမှီတွင်တွေ့မြင်လာရနိုင်ပါတယ်။ Viveport Verse သို့ ဝင်ရောက်နိုင်ဖို့အတွက် VR device တစ်ခုကို မရှိမဖြစ်လိုအပ်မှာမဟုတ်ပဲ အဆိုပါ website ရဲ့ ပြောကြားထားချက်အရ ၎င်းကို desktop device များ၊ laptop များ၊ mobile device များ၊ tablet များနှင့် VR headset များမှ ဝင်ရောက်အသုံးပြု၍ရနိုင်မှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။