How to Re-Use Your Old Gadgets (Part - 5)

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

7.11.2020 | သင့်ရဲ့ ဖုန်းအဟောင်းများနဲ့ Gadget အဟောင်းများကို ဘယ်လိုပြန်လည်အသုံးချမလဲ? (အပိုင်း - ၅) 

သင့်ရဲ့ ဖုန်းအဟောင်း (သို့) Tablet အဟောင်းကို E-reader တစ်ခုအဖြစ်ပြန်လည် အသုံးပြုပါ

အကယ်၍သင့်ထံတွင် ဖုန်းအဟောင်း (သို့) Tablet အဟောင်းတစ်ခုရှိနေပါက e-reader အသစ်တစ်ခုကို ထပ်မံဝယ်ယူမည့်အစား သင့်ထံတွင်ရှိနေတဲ့ device ကို အစားထိုး အသုံးပြု၍ ရနိုင်ပါတယ်။ Android နဲ့ iOS နှစ်မျိုးစလုံးတွင် ရရှိနိုင်သော Kindle နဲ့ Kobo ကဲ့သို့သော app များဟာ e-book များဝယ်ယူရန်အတွက်ရော ဖတ်ရှုရန်အတွက်ပါ အသုံးပြုနိုင်မည့် app များဖြစ်ကြပြီး e-reader များနဲ့ တူညီသောစွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်စေမှာဖြစ်ပါတယ်။ 

App ၂ ခုစလုံးတွင် audiobook များကိုလည်း support ပေးထားတဲ့အတွက် သင့်အနေနဲ့ text format မှ audio format များသို့ လိုအပ်လာပါက အပြန်အလှန် လွယ်ကူစွာပြောင်းလဲနိုင်မှာလဲဖြစ်ပါတယ်။ သင့်အနေနဲ့ Kindle သို့ Kobo e-reader စက်များကို ဝယ်ယူထားပြီးပါကလဲ သင့်အနေနဲ့ပြောင်းလဲအသုံးပြုထားတဲ့ phone (သို့) tablet နဲ့ အဆိုပါစက်များအကြား သင်ဖတ်ရှုနေတဲ့အရာများကို အပြန်အလှန် sync ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 

ဖုန်းများနဲ့ tablet များပေါ်ရှိ အလင်းစူးတဲ့မျက်နှာပြင်များဟာ e-reader ပေါ်ရှိ e-ink ထက်ပို၍ မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။ သို့သော် ဒီပြဿနာအတွက် အဖြေရှိနေပါတယ်။ Stock Android တွင် Night Light ဟုခေါ်တွင်သော feature တစ်ခုရှိပြီး (Settings အတွင်းရှိ Display ၏အောက်တွင်) iOS တွင်လည်း Night Shift ဟူသည့် feature တစ်ခု (Settings အတွင်းရှိ Display & Brightness အောက်တွင်) ရှိနေပြီး ဒီအရာက သင့် device screen ပေါ်မှထွက်ရှိလာမည့် blue light များကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။