How To Optimize Your Network For Gaming

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

27.8.2022 | သင့်အင်တာနက်ဖြင့် ဂိမ်းဆော့ရာတွင် အဆင်ပြေစေရန် လုပ်ဆောင်ထားသင့်သောအချက်များ

သင့်အနေနဲ့ ဂိမ်းများကိုဆော့ကစားရာတွင် ချောမွေ့မှုရှိတဲ့ Optimized Network ကွန်ယက်တစ်ခုရှိမှသာ သင့်ရဲ့ gaming experience ဟာ ပိုမို၍အဆင်ပြေချောမွေ့မှုရှိမှာဖြစ်ပါတယ်။ မိမိတို့အသုံးပြုနေတဲ့ အင်တာနက်ကွန်ယက် Signal ဟာ ကောင်းမွန်မှု၊ တည်ငြိမ်မှုမရှိပါက သင်အသုံးပြုထားတဲ့ Hardware များက  မည်မျှပင်ကောင်းမွန်နေပါစေ အသုံးဝင်မှာမဟုတ်ပါဘူး။

Electronic ပစ္စည်းများဟာ လိုအပ်ချက်များလှတဲ့အတွက် တစ်စုံတစ်ရာသောအကြောင်းကြောင့် အင်တာနက် signal များကို အနှောက်အယှက်ဖြစ်လာစေနိုင်သော အကြောင်းအရင်းများလည်း များစွာရှိနေပါတယ်။ ဒါကြောင့် ကောင်းမွန်စွာ ဂိမ်းကစားနိုင်ဖို့အတွက် မိမိတို့ရဲ့ Network ကို Optimize ပြုလုပ်နိုင်စေမယ့်နည်းလမ်းများကို ယခုတစ်ပတ်မှာ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ 

၁။ သင့်ရဲ့ Connection ကို Upgrade ပြုလုပ်ပါ။

တခါတစ်ရံမှာ အင်တာနက်လိုင်းနှေးကွေးနေတဲ့ပြဿနာဟာ ပိုမိုများပြားတဲ့ bandwidth ပမာဏကို ဝယ်ယူလိုက်ရုံနဲ့ ပြေလည်သွားနိုင်ပါတယ်။ Online Gaming ပြုလုပ်ခြင်းဟာ bandwidth အနည်းငယ်သာအသုံးပြုရသော်လည်း တစ်ခါတစ်ရံတွင် မိမိရဲ့ network တွင်ချိတ်ဆက်အသုံးပြုနေသည့် အခြားသော Device များနဲ့ ၎င်းတို့ရဲ့ activity များက bandwidth စီးဆင်းမှုကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် သင်က ဈေးအသက်သာဆုံး Plan တစ်ခုကိုအသုံးပြုနေပြီး ထို Connection တစ်ခုတည်းကို လူအများနှင့် မျှဝေသုံးစွဲနေရတဲ့အခါမျိုးတွင် သင့်အနေနဲ့ Connection ကို upgrade ပြုလုပ်ပေးသင့်နေပြီပဲဖြစ်ပါတယ်။

ဒီလို upgrade ပြုလုပ်ပေးလိုက်တဲ့အခါမှာ မျှဝေအသုံးပြုနေသူတိုင်းအနေနဲ့ အပို bandwidth များကို ရရှိလာမှာဖြစ်ပြီး တစ်ယောက်တည်းရဲ့အသုံးပြုမှုကြောင့် အခြားသူများအင်တာနက်လိုင်းကောင်းမွန်မှုမရှိတော့ခြင်းကိုလည်း အထိုက်အလျှောက် လျော့ကျစေမှာဖြစ်ပါတယ်။ ဒါ့အပြင် Game upadate များ မမျှော်လင့်ပဲထွက်ရှိလာတဲ့အခါတွင်လည်း update များဆွဲဖို့ ပိုမို၍လွယ်ကူသွားစေမှာပဲဖြစ်ပါတယ်။

၂။ သင့် Router ကို Upgrade ပြုလုပ်ပါ။

အကယ်၍ သင်အသုံးပြုနေတဲ့ Router ဟာ ဟောင်းနွမ်းနေပြီး သင်ဟာ လိုင်းဆွဲအားပြဿနာများကိုတွေ့ကြုံနေရပါက သင့်အနေနဲ့ Router ကို upgrade ပြုလုပ်ဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်။ Router အဟောင်းများဟာ device တစ်ခု/ နှစ်ခုအတွက်ကို ဒေတာများပေးပို့ခြင်းနဲ့ လက်ခံရယူခြင်းတို့ပြုလုပ်ရာတွင် အဆင်ပြေနေဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ခေတ်တွင် Mobile device များကိုအသုံးများလာပြီး လူတိုင်းဟာလည်း အင်တာနက်ကို အချိန်မရွေး မိမိတို့ရဲ့ဖုန်းများတွင် ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ အသုံးပြုနေနိုင်ပြီဖြစ်ပါတယ်။ ဒီအတွက် အသစ်ထွက်ရှိလာတဲ့ Router များဟာ ဒေတာများကို ပိုမိုဝေးကွာတဲ့အကွာအဝေးမှ ဖမ်းယူခြင်း၊ ပြန်လည်ထုတ်လွှင့်ပေးပို့ခြင်းတို့ကို ယခင်ကထက်ပို၍ ပြုလုပ်နိုင်စွမ်းရှိလာကြတဲ့အပြင် များစွာသော Device များထံသို့ ဒေတာများတစ်ပြိုင်နက်ပေးပို့ခြင်းကိုလည်း အလွယ်တကူလုပ်ဆောင်နိုင်စွမ်းရှိလာကြပြီပဲဖြစ်ပါတယ်။

Router အသစ်များတွင် ပါဝင်လာနိုင်တဲ့အကောင်းဆုံး feature တစ်ခုကတော့ အရေးကြီးသော network traffic အလိုက် Bandwidth ကို ဦးစားပေး၍ ပေးပို့နိုင်စွမ်းပဲဖြစ်ပါတယ်။

၃။ ကြိုးမဲ့အသုံးပြုခြင်းမှ ကြိုးဖြင့်အသုံးပြုခြင်းသို့ ပြောင်းလဲလိုက်ပါ

Network ကြိုးဖြင့်တပ်ဆင်၍အသုံးပြုရတဲ့ internet connection များဟာ Router မှ သင့်ရဲ့ PC သို့ သွားရာလမ်းတွင် တည်ငြိမ်မှုအရှိဆုံးနှင့် လုံခြုံမှုအရှိဆုံးပဲဖြစ်ပါတယ်။ Wireless signal များဟာ interference များကို ဖြစ်ပေါ်စေနိုင်ပြီး packet loss, speed loss တို့ကိုဖြစ်ပေါ်စေခြင်းနဲ့အတူ တစ်ခါတစ်ရံတွင် connection ပြတ်တောက်ခြင်းများကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီအရာတွေက တစ်ချိန်လုံးဖြစ်နေမှာတော့မဟုတ်ပေမယ့် သင်ဂိမ်းဆော့နေတဲ့အခါမှာတော့ millisecond များဟာ အရေးပါမှုရှိနေတဲ့အတွက် connection အရည်အသွေးကျဆင်းခြင်းဟာ ပွဲအခြေအနေများကိုပြောင်းလဲသွားစေနိုင်ပါတယ်။ Wired connection များဟာတော့ Router မှ သင့် PC သို့ တိုက်ရိုက်ချိတ်ဆက်ပေးထားတာဖြစ်တဲ့အတွက် သင်ရရှိနိုင်စွမ်းရှိတဲ့ အမြန်ဆုံးလိုင်းဆွဲအားနဲ့ အမြင့်မားဆုံး bandwidth ပမာဏကို ရယူနိုင်စေမှာပဲဖြစ်ပါတယ်။ 

၄။ Latency ကို အနည်းဆုံးဖြစ်အောင်ပြုလုပ်ထားပါ။ 

Network latency ကိုအနည်းဆုံးဖြစ်အောင်ပြုလုပ်နိုင်မယ့်နည်းလမ်းတစ်ခုကတော့ Game Server များထံသို့ ဒေတာများပေးပို့ရာတွင် ပိုမိုကောင်းမွန်တဲ့လမ်းကြောင်းကို ရှာဖွေထားဖို့ပဲဖြစ်ပါတယ်။ ISP များက အိမ်များနှင့် server များထံသို့ ဒေတာလမ်းကြောင်းများကိုစီစဉ်နေရာချမှုပြုလုပ်တဲ့အခါမှာ သူတို့ဟာ ကုန်ကျမှုအသက်သာဆုံးသောနည်းလမ်းကိုစဉ်းစားပြီးနေရာချမှုပြုလုပ်ကြတာဖြစ်ပါတယ်။ သန်းပေါင်းများစွာသော connection များဟာ ဒီလိုင်းများအတွင်းမှသွားလာနေရနိုင်ပြီး သင့်ရဲ့ ISP ဟာလည်း သူတို့အတွက်အခက်အခဲအနည်းဆုံးနဲ့ တတ်နိုင်သမျှအကောင်းဆုံးဖြစ်အောင်ပြုလုပ်ပေးနေခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီအရာကြောင့်ပဲ သင်ဂိမ်းဆော့ရာတွင် အခက်အခဲအနည်းငယ်ရှိလာနိုင်ပါတယ်။ 

Haste ကဲ့သို့သော ဝန်ဆောင်မှုများဟာ ဒီ default route များကို bypass ပြုလုပ်ပြီး ပိုမိုကောင်းမွန်တဲ့လမ်းကြောင်းများကိုရှာဖွေပေးနိုင်တဲ့အတွက် သင်ဂိမ်းဆော့ချိန် lag ခြင်းကိုလျှော့ချပေးနိုင်စွမ်းရှိပါတယ်။ 

၅။ Driver software များကို အမြဲတမ်း update ဖြစ်နေအောင်ပြုလုပ်ထားပါ။

Driver များနဲ့ firmware များဟာ update ပြုလုပ်ထားခြင်းမရှိပါက အင်တာနက်မြန်နှုန်းအပေါ် သက်ရောက်မှုရှိလာနိုင်ပါတယ်။ ဒီလို software များအားလုံး update ဖြစ်နေသလားဆိုတာကိုလဲ လွယ်ကူစွာစစ်ဆေးကြည့်နိုင်ပေမယ့် အဆိုပါ driver များနဲ့ firmware များဟာ update ပြုလုပ်ထားခြင်းမရှိသော်လည်း ဆက်လက်၍အသုံးပြုနိုင်ကြတဲ့အတွက် လူအများစုက ဒီအချက်ကို မေ့လျော့နေတတ်လေ့ရှိပါတယ်။ အဆိုပါ driver များနဲ့ firmware update များကို အချိန်မှန်စစ်ဆေးပေးတတ်တဲ့ အလေ့အကျင့်ကို ပြုလုပ်ထားပါ။ ဒါမှသာ တစ်စုံတစ်ခုက ရုတ်တရက်ပုံမှန်အတိုင်းအလုပ်လုပ်ပေးနိုင်စွမ်းမရှိတော့ပါက သင့်အနေနဲ့ချက်ချင်းသိရှိနိုင်မှာဖြစ်သလို သင်ဂိမ်းဆော့နေချိန်မှာ အလိုအလျှောက် update ပြုလုပ်ဖို့အတွက် system မှ auto-update အနေနဲ့ download ဆွဲပြီး သင့်ရဲ့ gaming experience ကိုလျော့ကျစေမယ့်အဖြစ်မျိုးကနေလည်း ရှောင်လွှားနိုင်မှာဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။