How to keep your personal information safe on social media

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.9.2022 | သင့်ရဲ့ကိုယ်ရေးအချက်အလက်များ social media ပေါ်တွင် လုံခြုံမှုရှိအောင် ဘယ်လိုလုပ်ဆောင်နိုင်မလဲ? 

Social Media များဟာ လူတို့ရဲ့နေ့စဉ်လူနေမှုဘဝများတွင် အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်လျှက်ရှိနေပါတယ်။ ဒီအရာကို အဝေးသို့ရောက်ရှိနေတဲ့ မိသားစုဝင်များနဲ့ သူငယ်ချင်းများနဲ့ဆက်သွယ်ဖို့အတွက်အသုံးပြုနိုင်သလို လုပ်ဖော်ကိုင်ဖက်များထံသို့ စာတိုပေးပို့ခြင်း၊ ကျွန်ုပ်တို့ရဲ့ ဘဝများတွင်ဖြစ်ပေါ်လာတဲ့ အရေးပါတဲ့အဖြစ်အပျက်များ၊ သိပ်ပြီးအရေးမကြီးတဲ့အဖြစ်အပျက်များကိုလည်း ဖော်ပြ၍ရနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ များစွာသော လုပ်ငန်းများဟာလည်း social media site များကိုအသုံးပြု၍ ပူးပေါင်းဆောင်ရွက်မှုများ၊ အချက်အလက်များမျှဝေပေးမှုများကို ပြုလုပ်လျှက်ရှိနေသလို ကျောင်းများနဲ့ လုပ်ငန်းရှင်များကလည်း ဝန်ထမ်းဖြစ်လာဖို့အလားအလာရှိသူများနဲ့ ကျောင်းသားများကို social media များမှတဆင့် ရှာဖွေနေကြပြီပဲဖြစ်ပါတယ်။ 

ဒီအတွက်ကြောင့် social media များပေါ်တွင် လိမ်လည်ခြင်း၊ အကောင့်များကို Hacking ပြုလုပ်ခြင်းတို့ဟာလည်း မြင့်တက်လာမှုများရှိနေပြီး သင့်ရဲ့ Social media အကောင့်များကို လုံခြုံအောင်ပြုလုပ်နိုင်ဖို့ဟာ အရေးကြီးလာပါတော့တယ်။ 

၁။ “About Me” (သင့်အကြောင်း) ဖြည့်သွင်းရမယ့်အရာများကို မဖြစ်မနေဖြည့်သွင်းစရာမလိုပါဘူး။ 
Facebook က သင့်ရဲ့မွေးနေ့မှ သင်ဘယ်အထက်တန်းကျောင်းကိုတက်ခဲ့တယ်ဆိုတဲ့အထိ သင့်အကြောင်း များစွာသောအချက်အလက်များကို ဖြည့်သွင်းနိုင်ခွင့်ကိုပေးအပ်ထားပါတယ်။ ဒီလိုပေးထားပေမယ့်လည်း သင့်အနေနဲ့ ဒီအရာများအားလုံးကို ဖြည့်သွင်းဖို့လိုအပ်မှာမဟုတ်ပါဘူး။ ထိုအစား ဒါတွေကိုချန်လှပ်ထားနိုင်သလို ဝေ့ဝိုက်၍ဖြေဆိုမှုများကိုပြုလုပ်နိုင်ပါတယ်။ ဥပမာ - သင့်ရဲ့လိပ်စာကိုဖြည့်သွင်းရာမှာ မြို့နယ်ရော၊ ပြည်နယ်ပါ ၂ ခုစလုံးဖြည့်သွင်းနေမည့်အစား သင်နေထိုင်ရာပြည်နယ်ကိုသာဖြည့်သွင်းနိုင်ပြီး ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် အခြားသူများက သင်ဘယ်မှာနေထိုင်လျှက်ရှိနေတယ်ဆိုတာကို သိရှိနိုင်ဖို့ ခက်ခဲသွားမှာဖြစ်ပါတယ်။ 

၂။ Privacy Setting များကို ကျွမ်းကျင်အောင်လေ့ကျင့်ထားပါ။ 
Social Media site တိုင်းတွင် သင့်ရဲ့ post များကို သတ်မှတ်ထားတဲ့သူများသာဖတ်ရှုနိုင်စေဖို့ ရွေးချယ်ပေးနိုင်စွမ်းကို ပေးအပ်ထားပါတယ်။ ဒီ setting များကို အချိန်ယူ၍လေ့လာပါ။ မတူကွဲပြားတဲ့ option များကို စမ်းသပ်ကြည့်ပြီး ထိုအရာများကိုအသုံးပြုရာတွင် ကျွမ်းကျင်မှုရှိနေအောင် လေ့ကျင့်ထားလိုက်ပါ။ ဥပမာ - Facebook နဲ့ Twitter တို့တွင် သင်တင်လိုက်တဲ့ post များကို တွေ့မြင်နိုင်မယ့်သူများကို ကြိုတင်ရွေးချယ်သတ်မှတ်ပေး၍ရနိုင်ပါတယ်။ သို့သော် အဆိုပါ setting များနဲ့ သင်မည်မျှပင်ရင်းနှီးကျွမ်းကျင်မှုရှိနေပါစေ ဥပမာ - အချို့သော Facebook အသုံးပြုသူများမှ “Private” setting ကို ရွေးချယ်၍ Facebook ပေါ်တွင်တင်ထားသောဓါတ်ပုံများကို Google search ဖြင့်ရှာဖွေကြည့်လိုက်တဲ့အခါမှာ တွေ့မြင်နိုင်နေပါတယ်။ ဒါကြောင့်မို့သင့်အနေနဲ့ အခြားသူများကို အသိမပေးလိုတဲ့ပုံများ၊ အချက်အလက်များရှိနေပါက ဒီအရာများကို အင်တာနက်ပေါ်သို့ “လုံးဝ” မတင်လိုက်ပါနဲ့။ 

၃။ သင် Friend အဖြစ်လက်ခံလိုက်တဲ့သူများကို အပြင်မှာလည်း အမှန်တကယ်သိနေပါစေ။
အရင်က Social media အသုံးပြုသူများဟာ တစ်ဦးနဲ့တစ်ဦးအပြိုင်အဆိုင် အကောင့်ထဲတွင် Friend ပိုများဖို့အတွက် ပြိုင်ဆိုင်ခဲ့ကြဖူးပါတယ်။ ယနေ့မှာတော့ ကျွမ်းကျင်၊ နားလည်မှုရှိတဲ့ social media အသုံးပြုသူများဟာ ပိုမိုများပြားသောသူများ မိမိရဲ့အကောင့်အတွင်းတွင် ရှိနေလေလေ သင်တင်လိုက်တဲ့ post များပေါ်ရှိ အချက်အလက်များကို ထိန်းချုပ်ဖို့ခက်ခဲလေလေပဲဆိုတာကို နားလည်လာကြပါတယ်။ သင့်အနေနဲ့ Social media ပေါ်တွင်လက်ခံလိုက်တဲ့သူများကို လက်ရှိဘဝတွင်လည်း သိကျွမ်းဝင်မှုရှိနေသင့်ပါတယ်။ အခြေအနေအရလိုအပ်လာပါကလည်း မိမိတို့နဲ့ ကိုက်ညီမှုမရှိတဲ့သူများကို “Block” ပြုလုပ်ဖို့ တွန့်ဆုတ်မနေပါနဲ့။ 

၄။ “မည်သည့်အခါတွင်မှ” Social Media ပေါ်တင်ခြင်းမပြုလုပ်သင့်သည့် အရာများကို စာရင်းပြုလုပ်ထားပါ။ 
အချို့သောကိုယ်ရေးအချက်အလက်များကို သင့်အနေနဲ့မည်သည့်အခါတွင်မှ Social Media ပေါ်တင်ခြင်း မပြုလုပ်သင့်ပါဘူး။ ဒီအရာများတွင် - သင့်ရဲ့နိုင်ငံသားကဒ်အမှတ်၊ ယာဉ်မောင်းလိုင်စင်အမှတ်၊ သင့်ရဲ့တည်နေရာအတိအကျ အစရှိသည်တို့ပါဝင်နေနိုင်ပါတယ်။ သင့်ရဲ့တည်နေရာအတိအကျကို သူငယ်ချင်းများအား Tag တွဲပြီးအသိပေးခြင်းက ပျော်စရာကောင်းတယ်လို့ ထင်ရနိုင်သော်လည်း ဒီလိုပြုလုပ်လိုက်ခြင်းအားဖြင့် သင်ဟာအိမ်မှာရှိမနေဘူးဆိုတာကို သူစိမ်းများအား အသိပေးလိုက်ရာလည်းရောက်သွားပါတယ်။ ဘယ်တော့မှ မိမိကိုဒုက္ခပေးနိုင်တဲ့ မသမာသူများကို သင့်ရဲ့တည်နေရာအတိအကျပြောပြလိုက်ခြင်းအားဖြင့် ကူညီပေးခြင်းမပြုလိုက်ပါနဲ့။ 

၅။ သင်လုပ်စရာရှိတာတွေလုပ်ပြီးပါက အမြဲတမ်း log out လုပ်ပါ။ 
အကယ်၍ သင်ဟာ အများသုံးကွန်ပြူတာတစ်လုံးကို အသုံးပြုနေရပါက အမြဲတမ်း log out လုပ်ဖို့ မမေ့ပါနဲ့။ ဒါ့အပြင် မိမိတို့ရဲ့ကိုယ်ပိုင် device များတွင်လည်း ရံဖန်ရံခါ log out ပြုလုပ်ပေးသင့်ပါတယ်။ Log out ပြုလုပ်ပေးခြင်းဟာ အခြားသူများကို သင့်ရဲ့ social media profile များအား ထိန်းချုပ်ခွင့်မရနိုင်စေရန် ပြုလုပ်ပေးနိုင်ပြီး သင့်အကောင့်ထဲက friend များကို ထိုအရာကို အသုံးချပြီး လိမ်လည်လှည့်ဖျားမှုများပြုလုပ်ခြင်း၊ သင့်ရဲ့ personal information များကို ရှက်ဖွယ်ကောင်းသောအရာများအဖြစ်ပြောင်းလဲလိုက်ခြင်း၊ အလိမ်အညာ comment များပေးပို့ခြင်း၊ ဒါမှမဟုတ် သင့်ရဲ့ password ကိုပြောင်းလဲလိုက်ပြီး သင့်အကောင့်ကိုယူသွားခြင်း အစရှိတဲ့လုပ်ဆောင်ချက်များမှ ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ 

၆။ ကြံ့ခိုင်မှုရှိတဲ့ ကိုယ်ပိုင် password များကို ဖန်တီးတည်ဆောက်ထားပါ။ 
ခိုင်မာကြံ့ခိုင်မှုရှိတဲ့ password များဖြစ်စေရန်အတွက် စာလုံးများ၊ နံပါတ်များ၊ စာလုံးအကြီး/ အသေးများနဲ့ အထူးသင်္ကေတများပါဝင်သလို သင့်အနေနဲ့ မှတ်သားရလွယ်ကူနိုင်သော်လည်း အခြားသူများလည်း ခန့်မှန်းရခက်ခဲစေမယ့် Password တစ်ခုကိုတည်ဆောက်ထားပါ။ Password အဖြစ်အသုံးများကြတဲ့ မွေးနေ့များ၊ နှစ်ပတ်လည်နေ့များနဲ့ သင့်ကလေးများနဲ့ အိမ်မွေးတိရစ္ဆာန်များရဲ့အမည်ကို Password အဖြစ်ပေးခြင်းကို ရှောင်ရှားပါ။ Password များကို မိမိရဲ့ခေါင်းထဲတွင်သာအလွတ်ကျက်ထားပြီး ဘယ်တော့မှ device ပေါ်တွင်နှင့် အခြားနေရာများတွင် ချရေးခြင်း၊ သိမ်းဆည်းခြင်း မပြုလုပ်ပါနဲ့။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။