How are drones used in the epidemic times?

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

7.4.2020 | မောင်းသူမဲ့လေယာဉ်ငယ် (ဒရုန်း) များကို ကပ်ရောဂါကာလများတွင် ဘယ်လိုအသုံးပြုခဲ့ကြသလဲ?

ဒရုန်းများဟာ ကန့်သတ်ထိန်းချုပ်မှုများကို စောင့်ကြည့်ခြင်း၊ ဆေးဝါးများနှင့် အခြားပစ္စည်းများကို သယ်ပို့ပေး ခြင်း (သို့) အရေးပေါ်အခြေအနေများတွင် ခန္ဓာကိုယ်အပူချိန်နှင့်ပြသသော ရုပ်ပုံများရိုက်ပေးခြင်း အစရှိသည်တို့ ကိုလုပ်ဆောင်နိုင်ပါသည်။ 

ဒရုန်းများဟာ အဝေးမှနေ၍အာရုံခံခြင်းနှင့် ကယ်ဆယ်ရေးအဖွဲ့များနှင့် ရဲသားများကို ကောင်းကင်ယံမှမြင်ကွင်း ဖြင့်ပံ့ပိုးပေးနိုင်ခြင်းတို့ကို လူတွေနှင့်နီးနီးကပ်ကပ်ရှိစရာမလိုပဲ လုံခြုံသည့်အဝေးတစ်နေရာမှ ထောက်ပံ့ပေးနိုင် ပါသည်။ အဝေးမှဆက်သွယ်ပြောဆိုမှုများကိုလည်း ကြားခံအဖြစ်ဆောင်ရွက်ပေးနိုင်ပြီး ဆေးဝါးများနှင့် အခြား အကာအကွယ်ပစ္စည်းများကိုလည်း ပိုးမွှားကူးစက်မှုများရှိနေသောဧရိယာများနှင့် ကန့်သတ်ထိန်းချုပ်မှုပြုလုပ် ထားသောသူများထံသို့ ကယ်ဆယ်ရေးအဖွဲ့များနှင့်တိုက်ရိုက်ထိတွေ့စရာမလိုအပ်ပဲ သယ်ယူပေးနိုင်ပါသည်။ တစ်ချိန်တည်းမှာပင် ရဲသားများနှင့် ကယ်ဆယ်ရေးဝန်ဆောင်မှုများဟာ အရေအတွက်နှင့် ထိုကဲ့သို့သောနည်း ပညာများကို အသုံးချရန်နည်းလမ်းများမှာ အကန့်အသတ်ရှိနေသည့်အတွက် ပရော်ဖက်ရှင်နယ်များနှင့်၊ အများ ပြည်သူတို့အတွက် ဒရုန်းများကို ကမ္ဘာတစ်လွှားတွင် ရောင်းချပေးလျက်ရှိနေပါသည်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရော ဂါရဲ့ အကျိုးဆက်များကိုလျှော့ချနိုင်စေရန်အတွက်ဒရုန်းများကိုအသုံးအများဆုံးဖြစ်စဉ်မှာ ဝေဟင်ပေါ်မှ စောင့် ကြပ်ကြည့်ရှုမှုနှင့် လိုက်နာမှုရှိစေရန် ထိန်းချုပ်ခြင်းဖြစ်ပါတယ်။ ဒရုန်းများဟာ တားမြစ်ထိန်းချုပ်ရန် အမိန့်ထုတ် ထားပြီး မည်သည့်လှုပ်ရှားမှု၊ သွားလာမှုမှမပြုလုပ်ရန်တားမြစ်ထားသော ကျဉ်းမြောင်းတဲ့နေရာများတွင် စောင့် ကြပ်ကြည့်ရှုရန်အတွက် အသုံးပြုနိုင်ပါတယ်။ ဥပမာ - ရဲအရာရှိ များဟာ နယ်မြေတစ်ခုလုံးရဲ့ ဝင်ထွက်သွားလာ နိုင်တဲ့လမ်းကြောင်းတွေကို ပိုမိုလွယ်ကူမြန်ဆန်စွာနဲ့ ပိုမို၍ ကုန်ကျမှုသက်သာစွာ ထောက်လှမ်းမှုများပြုလုပ်နိုင် မှာဖြစ်ပါတယ်။ သူတို့ဟာ အခြားသောစည်းကမ်းတွေကို လိုက်နာမှု ရှိသလား (ဥပမာ -လူစုလူဝေးပြုလုပ်ခြင်း ကိုတားမြစ်ခြင်း၊ Mask များတပ်ဆင်ရန်အမိန့်ထုတ်ခြင်း) ဆိုတာကိုလည်း စောင့်ကြပ်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီနည်းလမ်းအားဖြင့် ဒရုန်းများကို အများဆုံးအသုံးပြုကြပါတယ်။ ဥပမာ - တရုတ်နိုင်ငံတွင် အာဏာပိုင်များဟာ ဒေသအချို့တွင် သွားလာလှုပ်ရှားခြင်းကို တားမြစ်ထားခြင်းကို စစ် ဆေးမှုများပြုလုပ်ရန် (သို့) Mask များတပ် ဆင်ထားခြင်းရှိ၊ မရှိတို့ကို စစ်ဆေးရန်အတွက် အသုံးပြုကြပါသည်။ ဥရောပရှိ အီတလီ၊ စပိန်နဲ့ ပြင်သစ်နိုင်ငံများ တွင်လည်းဒရုန်းများကိုထို့နည်းတူစွာပင်အသုံးပြုကြပါတယ်။ တစ်ခါတစ်ရံတွင် ဒရုန်းများကိုအသုံးပြုပြီး လူများ ကိုထိန်းချုပ်ခြင်းသည် အစွန်းရောက်သည့်ပုံစံဖြစ်စေနိုင်ပါသည်။ ဥပ မာ - တရုတ်နိုင်ငံတွင် ဒရုန်းတစ်ခုဟာ ရွာတစ်ခုအတွင်းရှိလူများ အပြင်ထွက်လျှင် Mask တပ်ဆင်မှုရှိ၊ မရှိကို စောင့်ကြပ်ကြည့်ရှုခဲ့ပါသည်။ 

 

(Unicode)


 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။