Hackers stole $80 million in cryptocurrency from Qubit platform

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.2.2022 | Hacker များက Qubit platform ထံမှ ကန်ဒေါ်လာ သန်း ၈၀ တန်ကြေးရှိသော cryptocurrency များကို ခိုးယူခဲ့

Qubit Finance ဆိုတဲ့ decentralized finance platform တစ်ခုထံမှ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကန်ဒေါ်လာ သန်း ၈၀ တန်ကြေးရှိတဲ့ cryptocurrency များကို Hacker များက ခိုးယူမှုပြုလုပ်ခဲ့ကြပါတယ်။

ဒါဟာ ၂၀၂၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာရာဇဝတ်မှုများတွင် အကြီးမားဆုံးခိုးယူမှုတစ်ခုပဲဖြစ်ပါတယ်။ Qubit Finance မှ Hack ပြုလုပ်ခံရကြောင်းကို Medium မှတဆင့် ထုတ်ပြန်ခဲ့တဲ့ Incident report တွင် ထည့်သွင်းကြေငြာခဲ့ပြီး အဆိုပါ report အရ ၂၇ ရက်နေ့ ဇန်နဝါရီလ ညနေ ၅ နာရီခန့်တွင် သူတို့ရဲ့ system များကို hack ပြုလုပ်သွားခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

အဆိုပါ Incident report တွင် Qubit team မှ hack ပြုလုပ်သွားသူကို Qubit ရဲ့ bug bounty program တွင် အမြင့်ဆုံးဆုကို ပေးအပ်သွားမှာဖြစ်တယ်လို့လည်း ကြေငြာမှုပြုလုပ်ခဲ့ပြီး Immunefi bug bounty platform တွင် Qubit မှ ပြုလုပ်ခဲ့တဲ့ listing များအရ အဆိုပါဆုကြေးဟာ ကန်ဒေါ်လာ ၂၅,၀၀၀ ခန့် ရှိမှာဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။