Gucci collabs with Xbox for an exclusive Xbox Series X bundle

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

17.11.2021 | Gucci မှ Xbox နှင့်ပူးပေါင်း၍ အထူး Xbox Series X bundle တစ်ခုအား ရောင်းချသွားရန်ရှိနေ 

Luxury fashion brand တစ်ခုဖြစ်တဲ့ Gucci ဟာ သီးသန့်ထုတ်လုပ်ထားတဲ့ Laser နဲ့ ဒီဇိုင်းဖော်ထားတဲ့ Xbox Series X, Xbox wireless controller ၂ ခု, Xbox Game Pass Ultimate subscription တို့နဲ့အတူ Gucci နဲ့ Xbox တံဆိပ်ရိုက်နှိပ်ထားတဲ့ hard carrying case တို့ပါဝင်တဲ့ Xbox Series X bundle အခု ၁၀၀ ကို ရောင်းချလျှက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ 

ဒီ limited-edition bundle ကို နိုဝင်ဘာလ ၁၇ ရက်နေ့တွင် သတ်မှတ်ရွေးချယ်ထားတဲ့ ကမ္ဘာတစ်လွှားရှိ Gucci အရောင်းဆိုင်အချို့တွင် ရောင်းချပေးသွားမှာဖြစ်ပြီး ဈေးနှုန်းအားဖြင့်တော့ ကန်ဒေါ်လာ ၁၀,၀၀၀ အဖြစ် သတ်မှတ်ထားပါတယ်။ အဆိုပါ Xbox Series X bundle များကို ရောင်းချပေးသွားမယ့် Gucci အရောင်းဆိုင်များကတော့ Beijing, Belin, Beverly Hills, London, Mexico City, Milan, New York City နဲ့ Tokyo မြို့များရှိအရောင်းဆိုင်များဖြစ်တယ်လို့ သိရှိရပါတယ်။ 

“ယခုပြုလုပ်ခဲ့တဲ့ အကျိုးတူပူးပေါင်းထုတ်လုပ်မှုတွင် ၁ - ၁၀၀ အထိ နံပါတ်တပ်ဆင်ထားတဲ့ set များပါဝင်မှာဖြစ်ပြီး အဆိုပါ set တစ်ခုစီတိုင်းတွင် Laser နဲ့ ဒီဇိုင်းဖော်ထားသော GG pattern ပါဝင်သည့် Xbox Series X console, Gucci တံဆိပ်ပါ ကြိုးမဲ့ controller ၂ ခု တို့နှင့် Gucci ရဲ့ archival luggage နဲ့ ပုံစံဆင်တူသော hard carrying case တို့ပါဝင်မှာဖြစ်တယ်လို့” Gucci ရဲ့ official twitter စာမျက်နှာပေါ်တွင် ကြေငြာထားချက်အရ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။