Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
GoPro ဟာ လာမည့်နှစ်တွင် လက်ရှိ Hero နှင့် Max ကင်မရာများအပြင် နောက်ထပ် ကင်မရာမော်ဒယ်အသစ် (၂) မျိုးကို ထပ်မံတိုးချဲ့ထုတ်လုပ်သွားရန်ရှိနေတယ်လို့ သိရှိရပါတယ်။
ဖေဖော်ဝါရီလ (၃) ရက်နေ့တွင်ပြုလုပ်ခဲ့တဲ့ ကုမ္ပဏီရဲ့ အမြတ်အစွန်းရရှိမှုထုတ်ဖော်ခြင်း အစည်းအဝေးတင်ပြမှုတွင် ကုမ္ပဏီရဲ့ Founder နှင့် CEO ဖြစ်သူ Nick Woodman ရဲ့ ပြောကြားချက်အရ GoPro ဟာ လက်ရှိ နည်းပညာများကို အသုံးချ၍ အထူးပြုလုပ်ထားတဲ့ specialized camera များကို ထုတ်လုပ်သွားရန် စီစဉ်လျက်ရှိနေကြောင်း သိရှိရပါတယ်။
Woodman ရဲ့ ပြောကြားချက်များအရ “ကုမ္ပဏီမှ ယခင်ကထုတ်လုပ်ခဲ့တဲ့ မော်ဒယ်များဟာ တူညီတဲ့ ဝယ်ယူအသုံးပြုသူအစုအဖွဲ့တစ်ခုအပေါ်သာ လွှမ်းမိုးမှုရှိနိုင်တဲ့ ကင်မရာများကို ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်နေခဲ့တာဖြစ်ပြီး ယခုအစီအစဉ်အသစ်အရ - Hero နှင့် Max ကို ဝယ်ယူအသုံးပြုလျှက်ရှိနေတဲ့ user များနဲ့ လုံးဝတူညီမှုရှိတော့မှာမဟုတ်တဲ့ သီးခြားအသုံးပြုသူအစုအဖွဲ့များကို ရည်ရွယ်၍ ထုတ်လုပ်သွားမှာဖြစ်တယ်” လို့ သိရှိရပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။