Googles upcoming new Pixel Tablet will support other Styluses produced by third-party manufacturers

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

9.6.2022 | မကြာမှီ ထွက်ရှိလာမည့် Google Pixel Tablet အသစ်တွင် Third-party ထုတ်လုပ်သူများရဲ့ Stylus များဖြင့်လည်း တွဲဖက်အသုံးပြုနိုင်မည်

မကြာသေးမှီတွင် ထွက်ရှိလာမည့် Google ရဲ့ Pixel Tablet ဟာ cross-manufacturer USI (Universal Stylus Initiative) စံနှုန်းကို အထောက်အပံ့ပေးသွားမှာဖြစ်ပြီး ၎င်းကို အခြား third-party များမှ ထုတ်လုပ်သည့် Stylus များနှင့်လည်း အသုံးပြုသွားနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

USI ဆိုတာကတော့ ဒီလုပ်ငန်းအတွင်းထုတ်ပြန်ထားတဲ့ Stylus ထုတ်လုပ်မှု စံနှုန်းသတ်မှတ်ချက် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး Google က အဆိုပါအဖွဲ့အစည်းသို့ ၂၀၁၈ ခုနှစ်တွင် ဝင်ရောက်ခဲ့ပါတယ်။ ဒီ USI စံနှုန်းကို Chromebook အတော်များများတွင်လည်း ထည့်သွင်းအသုံးပြုပေးခဲ့ပြီးဖြစ်တဲ့အတွက် အခြားသော ထုတ်လုပ်သူများထံက ထုတ်လုပ်ရောင်းချလျှက်ရှိတဲ့ အမျိုးမျိုးသော Stylus များနှင့်လည်း တွဲဖက်အသုံးပြု၍ ရနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ 

ယခုနှစ်အစောပိုင်းမှာတော့ USI က စံနှုန်းသတ်မှတ်ချက်များရဲ့ version ၂.၀ ကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒီ version မှာတော့ ကိုက်ညီပြီးအသုံးပြု၍ရနိုင်မယ့် (compatible ဖြစ်မယ့်) stylus များကို supported device များရဲ့အနီးတွင် ချထားလိုက်ရုံနဲ့ ကြိုးမဲ့နည်းပညာဖြင့် အားသွင်းနိုင်မည့်လုပ်ဆောင်ချက်လည်းပါဝင်လာခဲ့ပါတယ်။ ဒါဟာ လက်ရှိ Apple မှ ၎င်းတို့ရဲ့ Apple Pencil 2 နှင့် အချို့သော iPad များတွင် ထည့်သွင်းထားတဲ့နည်းပညာနဲ့ ဆင်တူတဲ့လုပ်ဆောင်ချက်တစ်ခုဖြစ်တယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။