Google will soon introduce its own credit card

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

4.5.2020 | Google မှ မကြာမှီတွင် သူတို့၏ကိုယ်ပိုင် အကြွေးဝယ်ကတ်များကို မိတ်ဆက်မှုပြုလာ နိုင်ဖွယ်ရှိ

Google မှာ ဘဏ္ဍာရေးဆိုင်ရာဈေးကွက်အပေါ်ပိုမို၍ အာရုံစူးစိုက်မှုပြုရန်အတွက်ဆုံးဖြတ်ချက်ချခဲ့ ခြင်းဖြစ်နိုင်ပါသည်။ အောင်မြင်သော Google Pay ငွေပေးခြေမှုဆိုင်ရာဝန်ဆောင်မှုအပြီးတွင်, သူတို့ ၏ကိုယ်ပိုင် ငွေပေးခြေကတ်များကိုလည်း စတင်မိတ်ဆက်လာတော့မည်ဖြစ်ပါသည်။

Google Chrome ၏ အင်တာနက် Browser တွင်ပါဝင်သော Setting အသစ်များအရ အဆိုပါ နည်းပညာဆိုင်ရာကုမ္ပဏီကြီး၏ အနာဂတ်အစီအစဉ်များကို TechCrunch ၏ တည်းဖြတ်ရေး ဝန်ထမ်းတစ်ဦးမှဖွင့်လှစ်ပြောကြားခဲ့သည်မှာ - သူတို့၏ကိုယ်ပိုင်အကြွေးဝယ်ကတ်များဖြစ်ပါသည်။
Google အဖို့တော့ အဆိုပါနယ်ပယ်သို့ ဝင်ရောက်ခြင်းတွင် ဒီအရာဟာပထမဦးဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၃ ခုနှစ်ကတည်းကပင် Wallet ဝန်ဆောင်မှုအတွက် ကတ်များကိုစတင်ထုတ် လုပ်ခဲ့ပြီးဖြစ်ပါသည်။ သို့သော် ၃ နှစ်ကြာပြီးနောက် လက်လျှော့ခဲ့ပါသည်။ ယခုစီမံကိန်းအသစ် အတွက် Google ဟာ များစွာသောဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိနေပါသည်။ ထို့ ကြောင့် အဆိုပါအမေရိကန်ကုမ္ပဏီ၏အမှတ်တံဆိပ် logo သာမက ပူးပေါင်းဆောင်ရွက်သည့် ဘဏ်၏ logo ပါ အဆိုပါကတ်များတွင်ပါဝင်လာမည်ဖြစ်ပါသည်။

Google မှ Visa ၏ငွေကြေးပေးခြေမှုစနစ်ဖြင့်ဆောင်ရွက်ရန်အတွက် သဘောတူခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် Google ကတ်များကို ပုံမှန်အုတ်ခဲများနှင့်မော်တာများရောင်းချသည့်ဆိုင်များတွင်ပင်လျှင် အသုံးပြုလာနိုင်ဖွယ်ရာရှိပါသည်။ Google Pay နှင့်လည်းချိတ်ဆက်ပေးထားမည်ဖြစ်သည့်အတွက် ငွေကြေးပေးခြေမှုများကို စောင့်ကြည့်ခြင်း၊ ဘဏ္ဍာရေးအရ စီမံခန့်ခွဲမှုပြုလုပ်ခြင်း သို့မဟုတ် ပျောက် ဆုံးသွားသောကတ်အား ပိတ်ဆို့မှုပြုလုပ်ခြင်းတို့ကိုလည်း လုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။ ပထမ ဆုံးထုတ်လုပ်ဖြန့်ချီမည့်နေရာမှာ အမေရိကန်နိုင်ငံဖြစ်နိုင်ချေများပါသည်။ အခြားသောနိုင်ငံများတွင် မူ နောက်ပိုင်းတွင်မှ လိုက်လံထွက်ရှိလာမည်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ Google မှတော့ အဆိုပါကတ်များ တရားဝင်စတင်ထုတ်လုပ်မည့်ရက်ကိုကြေငြာခြင်းမရှိသေးပါ။

 

Unicode

 




သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။