Google will make it harder to track Android users from Apps

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.6.2021 | Google မှ Android ဖုန်းအသုံးပြုသူများကို Application များမှတဆင့် tracking ပြုလုပ်နေခြင်းအား ပိုမိုခက်ခဲလာစေရန် ပြုလုပ်ပေးတော့မည်ဖြစ်

The Financial Times မှ သတင်းတစ်ပုဒ်အရ Google ဟာ ကုမ္ပဏီများမှ အသုံးပြုသူများကို app များပေါ်တွင် tracking ပြုလုပ်နိုင်စေမည့် မိမိတို့ရဲ့ device-specific Advertising ID ကို မျှဝေဖော်ပြဖို့ ရွေးချယ်ထားခြင်းမရှိတဲ့ Android အသုံးပြုသူများကို အကာအကွယ်ပေးနိုင်မည့် စနစ်အသစ်တစ်ခုနှင့် Android Developer များအား မိတ်ဆက်ပေးလျှက်ရှိနေကြောင်း သိရှိရပါတယ်။

ယခင်ကလည်း ad tracking ကို ဟန့်တားပြီး သင့်ရဲ့ Advertising ID ကို ပြန်လည် reset ချနိုင်သော်လည်း developer များထံတွင် အဆိုပါတားမြစ်ချက်များကို လက်တစ်လုံးခြားလုပ်နိုင်မည့်နည်းလမ်းများအမြဲတမ်း ရှိနေတတ်ပါတယ်။ ယခု အဆိုပါ အကာအကွယ်ပေးရေးနည်းလမ်းအသစ်ဖြင့်ဆိုပါက developer များမှ tracking ပြုလုပ်ခြင်းကို ခွင့်ပြုထားခြင်းမရှိတဲ့ တစ်စုံတစ်ဦးရဲ့ ID ကို ဝင်ရောက်ကြည့်ရှုဖို့ ကြိုးစားတဲ့အခါတွင် အသုံးဝင်မည့်အချက်အလက်များအစား “သုည” များကိုသာ တွေ့မြင်ကြရတော့မှာဖြစ်ပါတယ်။ 

အဆိုပါ ကာကွယ်ရေးနည်းလမ်းကို Android 12 device များတွင်စတင်၍ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထုတ်လွှင့်သွားရန်ရှိနေပြီး Google Play Store အသုံးပြုနိုင်သည့် device များအားလုံးထံသို့ ၂၀၂၂ ခုနှစ် အစောပိုင်းခန့်တွင် ရရှိနိုင်ရန်အတွက် ပြုလုပ်ပေးသွားမှာဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။