Google warns all Gmail, Drive and Photos users about new changes

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.12.2020 | Gmail, Drive နဲ့ Google Photo အသုံးပြုသူများအား Google မှ စည်းမျဉ်းအသစ်အကြောင်း သတိပေးချက်တစ်ရပ်ထုတ်ပြန်ခဲ့

Google ဟာ သူတို့ရဲ့ User များကို Gmail, Google Photos နဲ့ Google Drive ပေါ်ရှိ content များဟာ နောက်ဆုံးထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနဲ့ ကိုက်ညီမှုမရှိပါက ဖျက်ပစ်ခြင်းကို ခံရနိုင်ကြောင်း အသိပေးချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီအသိပေးချက်ကို e-mail မှ တဆင့်ပေးပို့ခဲ့တာဖြစ်ပြီး အဆိုပါ e-mail တွင် နောက်နှစ် ၂၀၂၁ ခုနှစ်မှ စတင်ကာ storage policy အသစ်များ စတင်၍ အသက်ဝင်လာမှာ ဖြစ်ကြောင်းရှင်းပြထားခဲ့ပါတယ်ဟူ၍ express.co.uk မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။

Google မှ ပြောကြားချက်အရ အကောင့်များဟာ ၂ နှစ်ခန့်ကြာ အသုံးပြုထားခြင်းမရှိပါက (သို့) အသုံးပြုသူ (user) ရဲ့ သိမ်းဆည်းမှုပမာဏဟာ သတ်မှတ်ထားတဲ့ storage limit ထက် ၂နှစ်ကြာ ကျော်လွန်နေခဲ့ပါက အဆိုပါ content များကို ဖျက်သိမ်းသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ “အကယ်၍ သင်ဟာ ၂နှစ် (၂၄ လ) ခန့် Gmail, Drive နဲ့ Photo များကို အသုံးပြုခြင်းမရှိပါက သက်ဆိုင်ရာ product အတွင်းရှိ content များကို delete လုပ်သွားမှာဖြစ်ပါတယ်။ အကယ်၍ သင့်ရဲ့သိမ်းဆည်းမှုပမာဏဟာ သတ်မှတ်ထားတဲ့ storage limit ထက် ၂နှစ်ကြာ ကျော်လွန်နေခဲ့ပါကလည်း သင့်ရဲ့ content များကို Gmail, Drive နဲ့ Photos တို့တွင် ဖျက်သိမ်းသွားမှာဖြစ်ပါတယ်။” ဟု Google မှ ထပ်မံအတည်ပြုပြောကြားခဲ့ပါတယ်။

အဆိုပါစည်းမျဉ်းစည်းကမ်းများအရ Content များကို delete ပြုလုပ်ခြင်းများဟာ ဇွန်လ ၂၁ရက် ၂၀၂၃ ခုနှစ်တွင် စတင်၍အကျိုးသက်ရောက်မှုရှိလာမှာဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများဟာတော့ ဇွန်လ ၂၀၂၁ ခုနှစ်တွင် စတင်၍ အသက်ဝင်စေမှာဖြစ်တဲ့အတွက် User များအနေနဲ့ အဆိုပါစည်းကမ်းချက်အား လိုက်နာနိုင်ရန်အတွက် အချိန် ၂ နှစ်ခန့်ရှိနေဦးမှာပဲ ဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။