Google to invest $10 billion in India 

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

17.7.2020 | Google ဟာ အိန္ဒိယနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံရင်းနှီးမြှုပ်နှံသွားမည်  

Google က တနင်္လာနေ့ကပြောကြားသွားခဲ့တာကတော့ သူတို့ဟာ လာမည့် ၅နှစ်မှ ၇နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလျံခန့်ကို အိန္ဒိယနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်သွားဖို့ စီစဉ်လျက်ရှိသည်ဟု သိရပါတယ်။ အဆိုပါ Online Search Engine ကုမ္ပဏီကြီးဟာ သူတို့ရဲ့ presence ကို အဓိက နိုင်ငံရပ်ခြားဈေးကွက်များအထိ ချဲ့ထွင်ဖို့ကြိုးပမ်းလျှက်ရှိရာတွင် အိန္ဒိယနိုင်ငံဟာလည်း တစ်ခုအပါဝင်ဖြစ်လျှက်ရှိနေပါ တယ်။  

Google ရဲ့ အလုပ်အမှုဆောင်ချုပ်ဖြစ်သူ Sundar Pichai ဟာ မနေ့က India Digitization Fund မှတဆင့် Google ဟာ အဆိုပါနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်သွားမည်ဆိုတဲ့ အကြံအစည်ကိုထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။  

“ကျွန်ုပ်တို့ဟာ ဒီအရာကို သာတူညီမျှရင်းနှီးမြှင်းနှီးမြှုပ်နှံမှုများ၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများနဲ့ ဒေသခံ အခြေခံ အဆောက်အဦးများတွင်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်းအားဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟူ၍ ကုမ္ပဏီရဲ့ အိန္ဒိယနိုင်ငံအကြောင်းဦးတည်ဆွေးနွေးမှုပြု ခဲ့တဲ့ နှစ်စဉ်အစည်းအဝေးတစ်ရပ်တွင် ဆိုခဲ့ပါတယ်။ 

ရင်းနှီးမြှုပ်နှံမှုများဟာ  အိန္ဒိယနိုင်ငံကို Digital နည်းပညာများထွန်းကားမှုရှိစေရန်အရေးပါတဲ့ ဧရိယာ (၄) ခုတွင် ဆောင်ရွက်သွားမှာဖြစ်ပါတယ် -  

• ပထမဦးဆုံးအနေနဲ့ အိန္ဒိယနိုင်ငံသားများအားလုံးအနေနဲ့ သူတို့ရဲ့ဘာသာစကားအလိုက် ဟိန္ဒူ၊ တမီလ်၊ ပန်ချာပီ (သို့) အခြားသော တိုင်းရင်းသားဘာသာစကားများနဲ့ သတင်းအချက်အလက်များကို သက်သာသောနှုန်းထားနဲ့ ရရှိနိုင်ဖို့ပြုလုပ်ပေးခြင်း။  

• ဒုတိယအနေနဲ့ အိန္ဒိယနိုင်ငံရဲ့ လိုအပ်ချက်များနဲ့ကိုက်ညီသော ထုတ်ကုန်အသစ်များနဲ့ ဝန်ဆောင်မှုအသစ်များကို ဖော်ဆောင်တည်ဆောက်ခြင်း။  

• တတိယအနေနဲ့ လုပ်ငန်းများအနေနဲ့ digital transformation ပြုလုပ်ရာတွင် လုပ်ငန်းများကို အားပေးကူညီခြင်း။  

• စတုတ္ထအနေနဲ့ နည်းပညာနဲ့ AI နည်းပညာများကို ပြည်သူလူထုကောင်းကျိုးအတွက် ကျန်းမာရေး၊ ပညာရေးနဲ့ စိုက်ပျိုးရေးကဏ္ဍများတွင် အသုံးချနိုင်စေရန်အတွက် ကူညီခြင်း။  

အစရှိသည့်နေရာများတွင် အားဖြည့်ကူညီကာ အကောင်အထည်ဖော်လုပ်ဆောင်ပြီး တိုးတက်အောင် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။  

အိန္ဒိယနိုင်ငံဟာ Google အတွက် အဓိကအရေးပါတဲ့ ပြည်ပဈေးကွက်တစ်ခုဖြစ်ပြီး သူတို့ရဲ့ဝန် ဆောင်မှုများဖြစ်တဲ့ Search, YouYube နဲ့ Android များကိုရောင်းချနိုင်စေဖို့အတွက် online population များစွာရှိနေတဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်နေပါတယ်။ 

Google ဟာလည်း အခြားသောအမေရိကန်နည်းပညာကုမ္ပဏီကြီးများကဲ့သို့ပင် သူတို့ရဲ့အမြတ်ငွေ များရဲ့ တစိတ်တစ်ပိုင်းကို ကမ္ဘာ့အကြီးဆုံးအင်တာနက်ဈေးကွက်ပေါ်မှတဆင့် ရရှိနေတာဖြစ်ပါ တယ်။ 
 

(Unicode)











 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။