Google seemingly starts taking serious about AR technology

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

28.12.2021 | Google မှ AR နည်းပညာနှင့်ပတ်သက်၍ စတင်အလေးအနက်ထားဆောင်ရွက်လျက်ရှိနေ

ယနေ့ခေတ် Augmented Reality (AR) နည်းပညာနှင့် Device များထုတ်လုပ်ဖို့ရန်အတွက် သုသေသနပြုလုပ်မှုများတွင် Google ဟာ အစောဆုံးပါဝင်ဆောင်ရွက်ခဲ့တဲ့ ကုမ္ပဏီများအနက် တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး ယခုအခါ Apple နှင့် Facebook တို့ဟာလည်း အဆိုပါနယ်ပယ်တွင် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုများကိုပြုလုပ်လျက်ရှိနေပြီဖြစ်တဲ့အတွက် Google ဟာလည်း ကိုယ်ပိုင် AR device များကို ထုတ်လုပ်နိုင်ဖို့အတွက် စတင်ပြုလုပ်လျက်ရှိနေပြီဖြစ်တယ်လို့ သတင်းများအရ သိရှိရပါတယ်။ 

Linkedin စာမျက်နှာပေါ်တွင် operating system engineering director တစ်ဦးဖြစ်တဲ့ Mark Lucovsky က သူဟာ Google တွင် စတင်၍အလုပ်ဆင်းနေပြီဖြစ်တယ်လို့ ရေးသားထားခဲ့ပြီး ၎င်းဟာ ယခင်က Meta အတွက် AR နည်းပညာ mixed reality operating system များကို ရေးဆွဲပေးခဲ့ရသူတစ်ဦးဖြစ်ကာ ထိုမတိုင်မှီကလည်း Microsoft ရဲ့ Windows NT ရှိ key architect များအနက်မှ တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ 

သူ့ရဲ့ LinkedIn စာမျက်နှာပေါ်တွင် “ကျွန်ုပ်ရဲ့တာဝန်ကတော့ Google တွင် AR နည်းပညာအတွက် Operating System Team ကို ဦးဆောင်ပေးဖို့ဖြစ်ပါတယ်” ဟူ၍ ရေးသားထားတဲ့အပြင် သူက Google ရှိ အလုပ်ခေါ်ယူမှုများရဲ့ link ကိုလည်း ပြန်လည်မျှဝေပေးထားတဲ့အတွက် ယခုအခါတွင် Google ဟာ Apple နဲ့ Meta တို့ကဲ့သို့ပင် AR နည်းပညာကိုအလေးအနက်စတင်ဆောင်ရွက်လာတော့မှာဖြစ်တယ်ဆိုတာကို ပြသနေနိုင်တယ်လို့ သတင်းများအရ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။