Google’s Pixel 5a release date and possible specs

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

17.8.2021 | Google Pixel 5a ထွက်ရှိလာမည့်နေ့နှင့် ပါဝင်လာနိုင်သောလုပ်ဆောင်ချက်များ

Engadget မှ သတင်းတစ်ပုဒ်အရ Google ဟာ သူတို့ရဲ့ Pixel 5a ဖုန်းအား ထုတ်လုပ်ရောင်းချသွားရန်အတွက် ပြင်ဆင်မှုများပြုလုပ်လျှက်ရှိနေပြီဖြစ်ပြီး အဆိုပါသတင်းအရ Pixel 5a တွင် ပါဝင်လာနိုင်တဲ့ Specs အချို့ကိုလည်း သိရှိခဲ့ရပါတယ်။

အဆိုပါ Pixel 5a တွင် Pixel 5 တွင်ထည့်သွင်းထားသည့်အတိုင်း တူညီသောကင်မရာပါဝင်လာမှာဖြစ်သလို Headphone ထိုးရန်အပေါက်နှင့် IP67 rating ဖြင့်ထွက်ရှိလာမှာဖြစ်ပါတယ်။ Front Page Tech မှ Jon Prosser ရဲ့ အဆိုအရ Pixel 5a ဟာ Qualcomm ရဲ့ Snapdragon 756G 5G chipset ကိုအသုံးပြုထားပြီး RAM 6GB, 4650mAh battery တို့ပါဝင်လာမှာဖြစ်သော်လည်း wireless charging ကိုတော့ ထောက်ပံ့ပေးနိုင်တော့မှာမဟုတ်ပါဘူး။ ဒါ့အပြင် display အရွယ်အစားကတော့ ၆.၄ လက်မ ရှိမှာဖြစ်ပြီး အရောင်အနေနဲ့ကတော့ အနက်ရောင်တစ်မျိုးတည်းနှင့်သာ ထွက်ရှိလာနိုင်ပါတယ်။

အကယ်၍ ဒီ ဖုန်းရဲ့ specification တွေကို စာဖတ်သူတို့က စိတ်ဝင်စားတယ်ဆိုရင်တော့ မကြာခင်မှာ Pixel 5a ကို ဝယ်ယူ၍ရရှိနိုင်တော့မှာဖြစ်ပါတယ်။ သတင်းများအရ Google ဟာ အဆိုပါဖုန်းကို ဩဂုတ်လ ၂၆ ရက်နေ့တွင် $450 ဖြင့် ရောင်းချသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။