Google reportedly gave some users’ data to Hong Kong authorities in 2020

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

20.9.2021 | ၂၀၂၀ ခုနှစ်အတွင်း Google မှ အချို့သောအသုံးပြုသူများရဲ့ ဒေတာအချက်အလက်များကို ဟောင်ကောင်အာဏာပိုင်များထံသို့ ပေးအပ်ခဲ့ရကြောင်း ထုတ်ပြန် 

Hong Kong Free Press ရဲ့ သတင်းတစ်ပုဒ်အရ Google ဟာ ဟောင်ကောင်အာဏာပိုင်များထံသို့ အသုံးပြုသူအချို့ရဲ့ ဒေတာအချက်အလက်များကို ပေးအပ်ခဲ့ရကြောင်း သိရှိရပါတယ်။ 

ကုမ္ပဏီမှ ပြန်လည်ဖြေကြားမှုပြုလုပ်ချက်အရ Hong Kong အစိုးရအာဏာပိုင်များမှ တောင်းဆိုမှု ၄၃ ခုပြုလုပ်ခဲ့ရာတွင် ၃ ကြိမ်လိုက်လျောပေးခဲ့ရပြီး ထိုအထဲကမှ ၂ ကြိမ်ဟာ လူကုန်ကူးမှုနဲ့သက်ဆိုင်တဲ့ စုံစမ်းစစ်ဆေးမှုများအတွက်ဖြစ်ကာ ရှာဖွေစစ်ဆေးခွင့် (ဝရမ်း) များလည်းပါဝင်ကြောင်းသိရှိရပါတယ်။ 

နောက်တစ်ကြိမ်ကတော့ တစ်စုံတစ်ဦးရဲ့အသက်အန္တရာယ်ထိခိုက်မှုရှိလာနိုင်တာကြောင့် အရေးပေါ် အခြေအနေအရ အချက်အလက်အချို့ကို ပေးအပ်ခဲ့ရတာဖြစ်ကြောင်း Google မှ ပြောကြားခဲ့ပြီး ထို ၃ ကြိမ်စလုံးတွင် အသုံးပြုသူရဲ့ content data များကိုတော့ထုတ်ဖော်ပေးအပ်ခဲ့ခြင်းမရှိကြောင်းကို Google မှ အတည်ပြုပေးခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။