Google offers employees free electric scooters to get them back to the office

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

19.4.2022 | Google မှ ၎င်းတို့ရဲ့ဝန်ထမ်းများ ရုံးပြန်တက်ကြစေရန်အတွက် လျှပ်စစ် scooter များကို အခမဲ့ပေးအပ်ခဲ့ 

Google ဟာ ၎င်းတို့ရဲ့ဝန်ထမ်းများကို ဧပြီလပထမပတ်အတွင်း ရုံးပြန်တက်ကြစေရန် စီစဉ်လျှက်ရှိနေပြီး ဝန်ထမ်းများ work-from-home ပြုလုပ်ရခြင်းမှ ရုံးပြန်တက်ခြင်းသို့ အကူးအပြောင်းပြုလုပ်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် လျှပ်စစ် scooter များကို အပိုဆုအနေနဲ့ အခမဲ့ပေးအပ်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ 

Google ဟာ e-scooter ထုတ်လုပ်သူ Unagi နှင့် အကျိုးတူပူးပေါင်း၍ “Ride Scoot” လို့အမည်ရတဲ့ အစီအစဉ်တစ်ခုကို စတင်ပြုလုပ်လျှက်ရှိနေပြီဖြစ်ပြီး အမေရိကရှိ Google ဝန်ထမ်းအများစုအနေနဲ့ Unagi ရဲ့ လှပတဲ့ Model One scooter ကို လစဉ် subscription ပြုလုပ်၍ ဝယ်ယူရာတွင် ၁ လစာပေးချေရမည့်ပမာဏကို Google ထံမှ အပြည့်အဝပြန်လည်ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ 

Model One လို့အမည်ပေးထားတဲ့အဆိုပါ scooter ကို ကန်ဒေါ်လာ ၉၉၀ ဖြင့်ရောင်းလျှက်ရှိနေပြီး မြန်နှုန်း ၂၀ mph နှင့် ၁၅.၅ မိုင်အထိ မောင်းနှင်နိုင်သော ပေါ့ပါးတဲ့ dual-motor scooter တစ်မျိုးဖြစ်ပါတယ်။ Unagi ရဲ့ တည်ထောင်သူနှင့် CEO David Hyman ရဲ့ပြောကြားချက်အရ အဆိုပါအကြံအစည်ဟာ Google ဝန်ထမ်းများကို အလုပ်သို့လာရောက်ရပိုမိုလွယ်ကူစေရန် (သို့မဟုတ်) အနီးဆုံးဘတ်စ်ကားဂိတ်သို့ လာရောက်ရလွယ်ကူစေရန် အကူအညီပေးနိုင်ဖို့ဖြစ်ကြောင်း သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။