Google Maps has officially launched dark mode

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.3.2021 | Google Maps မှ dark mode ကို တရားဝင်ထုတ်လွှင့်ပေးခဲ့ 

Google Maps ဟာ နောက်ဆုံးမှာတော့ Android ပေါ်တွင် dark mode ကို support ပြုလုပ်ပေးဖို့အတွက် Android 10 ကို တရားဝင်ထုတ်လွှင့်ပြီးနောက် တစ်နှစ်ခွဲခန့်အကြာတွင် ဆုံးဖြတ်လိုက်ပြီပဲဖြစ်ပါတယ်။ Blog post တစ်ခုပေါ်တွင် Google ရဲ့ နောက်ဆုံးရေးသားထုတ်ပြန်ချက်တစ်ရပ်အရ - “Google Map ရဲ့ Dark Mode ကို မကြာခင်မှာ ကမ္ဘာတစ်လွှားရှိ Android အသုံးပြုသူများထံသို့ ပေးပို့နိုင်တော့မှာဖြစ်ပါတယ်” ဟူ၍ ရေးသားထားခဲ့ပါတယ်။ 

Google ဟာ Google Maps ပေါ်တွင် Dark Mode ထုတ်လွှင့်ပေးမည့်အကြောင်းကို အောက်တိုဘာလ ၂၀၁၉ ခုနှစ်ခန့်ကတည်းက အစမ်းဖော်ပြနေခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၂၀၂၀ တွင် စမ်းသပ်ဆဲအနေနဲ့ အချို့သော user များမှ ရယူအသုံးပြုနိုင်ခဲ့ပါတယ်။ Google Maps ဟာ လက်ရှိအချိန်မှာလည်း navigation mode တွင် အမည်းရောင်နောက်ခံနဲ့ မြေပုံကိုဖော်ပြနေပြီဖြစ်ပေမယ့်လည်း UI element များအားလုံး Dark Mode အနေနဲ့ ဖြစ်လာဖို့အတွက်ကို ကြိုးပမ်းနေဆဲပဲဖြစ်ပါတယ်။ 

Google ရဲ့ ပြောကြားချက်အရ အသုံးပြုသူများဟာ Google Map ရဲ့ setting များတွင် theme section အသစ်ကို တွေ့မြင်လာရမှာဖြစ်ပြီး ထိုနေရာတွင် dark mode feature ကို သွားရောက်၍ဖွင့်နိုင်မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Code များဟာ app အတွင်းတွင်ရောက်ရှိနေပြီဖြစ်ပြီး အသုံးပြုသူများအနေနဲ့ Google မှ သူတို့နေထိုင်ရာနေရာများတွင် အဆိုပါ feature ကို ဖွင့်လှစ်ပေးရန်အတွက်ကိုသာ စောင့်ဆိုင်းရတော့မှာပဲဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။