Google is facing a lawsuit from US Department of Justice and eight states

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

25.1.2023 | Google အား အမေရိကန်တရားရေးရာဌာနနဲ့ ပြည်နယ် (၈) ခုမှ တရားစွဲဆိုမှုတစ်ရပ်ကို ပြုလုပ်ခဲ့ 

Google အား အမေရိကန်တရားရေးရာဌာနနဲ့ ပြည်နယ် (၈) ခုမှ ၎င်းရဲ့ digital advertising market (ဒီဂျစ်တယ် ကြော်ငြာဈေးကွက်) ကို လက်ဝါးကြီးအုပ် ထိန်းချုပ်ထားမှုအတွက် တရားစွဲဆိုမှုပြုလုပ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

Google ရဲ့ ဒီကဲ့သို့ “အပြိုင်အဆိုင်များကို ဖြုတ်ချတဲ့ အပြုအမူဟာ ဒီဂျစ်တယ်ကြော်ငြာဈေးကွက်သို့ ဝင်ရောက်နိုင်ဖို့ သာမန်ထက်ပို၍ ခက်ခဲသွားစေပြီး အပြိုင်အဆိုင်ပြုလုပ်နိုင်သောကုမ္ပဏီများကို ကြော်ငြာနည်းပညာ အထောက်အကူပြု software ဈေးကွက်မှ စွန့်ခွာသွားစေခဲ့သလို အပြိုင်အဆိုင်ပြုလုပ် နိုင်မယ့် အလားအလာ ရှိတဲ့ကုမ္ပဏီများကိုလည်း ဈေးကွက်အတွင်းဝင်ရောက်ဖို့ နောက်တွန့်သွားစေခဲ့ပါတယ်။ ဒါကြောင့် Google ရဲ့ ကျန်ရှိနေသေးတဲ့ ပြိုင်ဘက်ကုမ္ပဏီအချို့ဟာလည်း အမြတ်အစွန်းရရှိငွေများ နည်းသထက်နည်းလာပြီး မမျှတတဲ့အခြေအနေတစ်ခုအတွင်း ကျရောက်နေတယ်” ဟု အဆိုပါ တရားစွဲဆိုမှုတွင် ရေးသားဖော်ပြထားခဲ့ပါတယ်။ 

ဒါ့အပြင် Google က ၎င်းရဲ့ ပြိုင်ဘက်ကုမ္ပဏီများကို အလဲထိုးနိုင်ဖို့နဲ့ ရပ်တန့်သွားစေဖို့အတွက် များစွာသော “လုပ်ငန်းဝယ်ယူမှု” များကိုလဲ ပြုလုပ်ခဲ့ပြီး အခြားသောကုမ္ပဏီများအနေနဲ့ ၎င်းတို့ရဲ့ Tool များကိုသာ အသုံးပြုကြဖို့အတွက် သွယ်ဝိုက်သောနည်းဖြင့် ဖိအားပေးနေခဲ့တယ်လို့ ဆိုထားပါတယ်။ 

“လွန်ခဲ့တဲ့ ၁၀ စုနှစ်တစ်ခုခန့်က ဝယ်ယူထားခဲ့တဲ့ ကုမ္ပဏီနှစ်ခုကို ပြန်လည်လက်လွှတ်ပေးဖို့အတွက်ဆိုတဲ့ DOJ ရဲ့ တောင်းဆိုမှုဟာ publishers, advertisers နဲ့ internet user များရဲ့ ကောင်းကျိုးစီးပွားကို ငဲ့ကွက်ခြင်းမရှိပဲ သမိုင်းကြောင်းကို ပြန်ရေးဖို့ ကြိုးစားနေတာပဲဖြစ်တယ်” လို့ Google ကတော့ ၎င်းရဲ့ blog ပေါ်ကနေတဆင့် တုန့်ပြန်ခဲ့ပါတယ်။ ဆက်လက်ပြီး DOJ က ၎င်းရဲ့ advertising ထုတ်ကုန်များရဲ့ အလုပ်လုပ်ပုံကို “ဖော်ပြပုံ လွဲမှားနေတယ်” ဟု ဆိုထားခဲ့ပြီး Google က customer များကို ၎င်းတို့ရဲ့ ထုတ်ကုန်များအား အသုံးပြုဖို့ ဖိအားမပေးခဲ့ပဲ customer များကသာ ၎င်းရဲ့ ထုတ်ကုန်များဟာ ထိရောက်မှုရှိလှတဲ့အတွက် အသုံးပြုနေကြတာဖြစ်တယ်” လို့ ပြန်လည်ချေပခဲ့ပါတယ်။ ဒါ့အပြင် Microsoft, Amazon, Apple နဲ့ TikTok တို့ဟာလဲ အလားတူလုပ်ရပ်မျိုးကို ပြုလုပ်ခဲ့ဖူးတာကို ထောက်ပြခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။