Google hires former FDA digital health leader

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

30.5.2022 | Google မှ FDA တွင် ယခင်က တာဝန်ထမ်းဆောင်ခဲ့ဖူးသော digital ကျန်းမာရေး အကြီးအကဲတစ်ဦးကို ဌားရမ်းခေါ်ယူခဲ့ 

Google မှ FDA တွင် ယခင်က တာဝန်ထမ်းဆောင်ခဲ့ဖူးသော digital ကျန်းမာရေး အကြီးအကဲတစ်ဦးကို ၎င်းတို့ရဲ့ director of global digital health strategy အဖြစ် အသစ်ခန့်အပ်ခဲ့ပါတယ်။ Bakul Patel ဟာ FDA တွင် ဆယ်စုနှစ်တစ်ခုကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး FDA တွင် သူ့ရဲ့ လက်တလော တာဝန်ထမ်းဆောင်ခဲ့တဲ့ရာထူးကတော့ Chief digital health officer of global strategy and innovation ဖြစ်တယ်လို့ သိရှိရပါတယ်။ 

အဆိုပါကိစ္စနှင့်စပ်လျင်း၍ Patel က သူ့ရဲ့ LinkedIn စာမျက်နှာပေါ်တွင် “ကျွန်တော့အနေနဲ့ Google နှင့် Alphabet တွင်ရှိနေသော ကျန်းမာရေး အဖွဲ့များထံမှ သင်ယူလေ့လာနိုင်ဖို့နှင့်အတူ ညီညွှတ်မျှတတဲ့ digital ကျန်းမာရေးနှင့် စည်းကြပ်ရေးနည်းဗျူဟာများကို  ကူညီတည်ဆောက်ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဟူ၍ ရေးသားထားခဲ့ပါတယ်။ 

အခြားသောနည်းပညာကုမ္ပဏီကြီးများနည်းတူ Google ဟာလည်း လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ကျန်းမာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်များအတွင်း တိုးချဲ့ဝင်ရောက်လာခဲ့ပြီး အမျိုးမျိုးသောရလာဒ်များကိုလည်း ရရှိခဲ့ပါတယ်။ ၎င်းဟာ ရောဂါရှာဖွေဖော်ထုတ်ရေး အကူကိရိယာများကို တည်ဆောက်နိုင်ရန် ဒေတာအချက်အလက်များစွာကို algorithm များ တည်ဆောက်ရန် ရယူခြင်းမှ ကျန်းမာရေးနှင့်သက်ဆိုင်တဲ့ လုပ်ဆောင်ချက်များစွာပါဝင်တဲ့ ဝတ်ဆင်နိုင်သောနည်းပညာပစ္စည်းများကို ထုတ်လုပ်သွားရန်အထိ များစွာသောရည်ရွယ်ချက်များလည်းရှိနေပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။