Google has released a new feature called “Hum to search”

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

23.10.2020 | “Hum to search” ဟု ခေါ်တွင်သည့် feature အသစ်ကို Google မှ အသစ်ထုတ်လွှင့်ခဲ့ 

Business Insider သတင်းများအရ Google ဟာ ယခုဆိုလျှင် သင့်ရဲ့ခေါင်းထဲတွင် သီချင်းတစ်ခုကို မှတ်မိနေ သော်လည်း စာသားမသိပါက ရှာဖွေနိုင်ဖို့အကောင်းဆုံး လုပ်ဆောင်ချက်အသစ်တစ်ခုကို ထုတ်လွှင့်လိုက်ပြီပဲ ဖြစ်ပါတယ်။ 

အဆိုပါ “Hum to search” ဟုခေါ်တွင်သည့် feature အသစ်ကို ယနေ့ပဲ iOS နဲ့ Android အတွက် Google app များတွင် ရရှိနိုင်ပြီဖြစ်ကာ Google ရဲ့ blogpost တစ်ခုအရ အသုံးပြုသူများအနေနဲ့ တယ်လီဖုန်းရဲ့ mic အတွင်းသို့ တိုက်ရိုက်လေချွန်ခြင်း (သို့) သီချင်းဆိုခြင်းကိုပြုလုပ်ပြီး သီချင်းတစ်ပုဒ်ကိုရှာဖွေနိုင်မှာပဲဖြစ်ပါတယ်။ အသုံးပြုသူအနေနဲ့ ၁၀-၁၅ စက္ကန့်ခန့် သီချင်းညည်းခြင်း (လေချွန်ခြင်း သို့မဟုတ် သီချင်းဆိုခြင်း) ကိုပြုလုပ်ပေး လိုက်သည်နှင့် Google ရဲ့ နည်းပညာက အဆိုပါသီချင်းရဲ့သံစဉ်ကိုယူပြီး ရှာဖွေပေးသွားမှာဖြစ်ပါတယ်။ 

Google ရဲ့ ကြေငြာချက်အရ ထိုအရာက သီချင်းတစ်ပုဒ်ကိုရှာဖွေအတည်ပြုပေးပြီးသည်နှင့် ဆင်တူသောရှာဖွေမှုရလာဒ်များဖြစ်ကြတဲ့ လူများက ထိုသီချင်းကိုဆိုနေခြင်း၊ လေချွန်ခြင်း (သို့) သီချင်းညည်းခြင်းနဲ့ studio recording များ အစရှိတဲ့ သင်ညည်းလိုက်တဲ့ သီချင်းနဲ့သက်ဆိုင်တဲ့ အရာများကို ပြသပေးသွားနိုင်မှာပဲဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။