Google has made plans to stop users uploading pirated videos and soundtracks to YouTube

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.4.2021 | YouTube သို့ အသုံးပြုသူများမှ video များကို upload ပြုလုပ်ရာတွင် တရားမဝင်ရယူထားသော ဇာတ်ကားများနှင့် တေးသီချင်းများပါဝင်မလာစေရန် အစီအစဉ်များချမှတ် 

Express.co.uk မှ သတင်းတစ်ပုဒ်အရ  YouTube မှ သူတို့၏ video-sharing site ပေါ်တွင် copyright တင်ထားသော ရုပ်ရှင်များ၊ တေးသီချင်းများနှင့် Game footage များကို အခမဲ့ upload ပြုလုပ်ပေးခြင်းမှရှောင်ရှားနိုင်ရန်အတွက် tool အသစ်တစ်ခုကို မိတ်ဆက်ပေးလိုက်ပြီဟု သိရှိရပါတယ်။ 

အဆိုပါ tool အသစ်အား ပင်ရင်းကုမ္ပဏီဖြစ်တဲ့ Google မှ YouTube အတွက်ပြုလုပ်ပေးခဲ့တာဖြစ်ပြီး copyright တင်ထားသောအရာများကို သူတို့ရဲ့ video-sharing site ပေါ်သို့ upload ပြုလုပ်နေခြင်းများမှ ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ 

အဆိုပါ tool မှတဆင့် upload ပြုလုပ်ခြင်းလုပ်ငန်းစဉ်အတွင်းတွင် Google မှ အသုံးပြုသူများမှ upload ပြုလုပ်လာမည့် video အတွင်းတွင်ပါဝင်သည့် content များတွင် copyright ဖြင့်အကာအကွယ်ပေးထားသော content များကို ခွင့်ပြုချက်မရပဲထည့်သွင်းထားခြင်း ရှိ/မရှိကို scan ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ယခုအခါ အဆိုပါစစ်ဆေးမှုအား ထည့်သွင်းထားလိုက်ပြီဖြစ်တဲ့အတွက် YouTube သို့ upload ပြုလုပ်နေသူများအနေနဲ့ copyright ပိုင်ဆိုင်ထားတဲ့ မူရင်းပိုင်ရှင်ထံမှ ခွင့်ပြုချက်တောင်းခံပြီးမှသာ copyright ပြုလုပ်ထားသော content များကို မိမိတို့ရဲ့ video များတွင် ဖော်ပြနိုင်တော့မှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။