Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
ဖေဖော်ဝါရီလအတွင်းက Workspace user များအတွက် Google Hangouts ကို ပိတ်သိမ်းတော့မှာဖြစ်ကြောင်း ကြေငြာပြီးနောက်တွင် Google ဟာ ယခုအခါမှ အခမဲ့အသုံးပြုနေတဲ့ personal Hangouts user များကို Chat သို့ ကူးပြောင်းလာကြစေရန် စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။
၎င်းရဲ့ blog ပေါ်တွင် တင်ထားတဲ့ ကြေငြာချက်တစ်ခုအရ Google က Hangouts mobile app ကို ဆက်လက်အသုံးပြုနေသေးသူများအနေနဲ့ Chat သို့ ရွှေ့ပြောင်းရန် notification ကို ရရှိသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Hangouts ကို web browser ပေါ်ရှိ Gmail မှ တဆင့်အသုံးပြုသူများအတွက်ကိုတော့ Google က ဇူလိုင်လမတိုင်ခင်အထိ အဆိုပါသတိပေးချက်ကို စတင်ပြုလုပ်ပေးသွားဦးမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ Hangouts ကို ၎င်းရဲ့ desktop site ပေါ်တွင် နိုဝင်ဘာလမတိုင်ခင် အသုံးပြုလို့ရဦးမှာမဟုတ်ပဲ Google က Hangouts ရဲ့ website ကို Chat အဖြစ် စတင်ပြောင်းလဲမှုမပြုခင် “အနည်းဆုံး ၁ လကြိုတင်၍” သတိပေးအကြောင်းကြားမှုပြုလုပ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။