Google fights spam, offers the possibility of verified emails

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.8.2020 | Google ဟာ spam များကိုတိုက်ထုတ်ဖို့ပြင်ဆင်နေပြီး verified email များကို မိတ်ဆက်လာနိုင်

Spam များဟာ email များအားလုံးရဲ့ ၅၄% ခန့်ကိုနေရာယူထားလျက်ရှိပါတယ်။ 

ဒီအချက်ကြောင့်ပဲ email client ဝန်ဆောင်မှုပေးသူများဟာ ထိုအရာများကိုတိုက်ထုတ်လိုနေကြ တာဟာ အံ့အားသင့်ဖွယ်တော့မဟုတ်ပါဘူး။ Google ဟာ ယခုအခါ လုံခြုံရေးဆိုင်ရာပြင်ဆင်မှု တစ်ရပ်ကို ဆောင်ကြဉ်းလာပြီဖြစ်ပါတယ်။ 

သူတို့ဟာ အသုံးပြုသူများရဲ့ အရေးကြီးတဲ့သတင်းအချက်အလက်များကိုကူညီကာကွယ်ပေးနိုင် စေပြီး spam များကို တိုက်ထုတ်နိုင်စေမယ့် လုပ်ဆောင်ချက်အသစ်တစ်ရပ်ကို ကြေငြာခဲ့ပါတယ်။  ယခုအခါ Google ဟာ BIMI (Brand Indicators for Message Identification) ကို အထောက် အပံ့ပေးသွားတော့မှာဖြစ်ပါတယ်။ ၎င်းဟာ ကုမ္ပဏီများရဲ့အချက်အလက်များနှင့် သူတို့ရဲ့ ကုန်အမှတ်တံဆိပ်များကို အတည်ပြုစစ်ဆေးနိုင်စေမည့်စနစ်တစ်ခုပဲဖြစ်ပါတယ်။ 

လုပ်ငန်းများအနေနဲ့ Google ကို အတည်ပြုပေးရန်အတွက်တောင်းဆိုဖို့လိုအပ်မှာဖြစ်ပြီး လိုအပ်တဲ့သတင်းအချက်အလက်များကိုရရှိနိုင်ရန်အတွက် Google နှင့် လက်တွဲလုပ်ဆောင်ဖို့ကို လိုအပ်မှာဖြစ်ပါတယ်။ ထို့နောက်တွင်တော့ Gmail အသုံးပြုသူများအနေနဲ့ အတည်ပြုထားတဲ့ သတင်းအချက်အလက်များကို သူတို့ရဲ့ email များကိုဖတ်ရှုသည့်အခါတွင် တွေ့မြင်နိုင်မှာပဲဖြစ်ပါ တယ်။ 

သင်တွေ့မြင်နေကျ ပေးပို့သူရဲ့အမည်ဘေးတွင်ပါဝင်လာမည့် question mark ပုံစံ (သို့) စာအိတ်ပုံစံ အစား အဆိုပါ email ကိုပေးပို့လိုက်တဲ့ကုမ္ပဏီရဲ့ လုပ်ငန်းအမှတ်တံဆိပ်ကိုတွေ့မြင်ရတော့မှာပဲဖြစ် ပါတယ်။ 

ဒီစနစ်အသစ်ဟာ ယခုအခါတွင်တော့ စမ်းသပ်ဆဲကာလတွင်သာရှိနေသေးတာဖြစ်ပြီး LinkedIn, Yahoo, AOL, Fastmail, Twilio SendGrid, Validity နှင့် Vailmail ကဲ့သို့သော ကုမ္ပဏီအချို့ ကိုသာဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 

လက်တွေ့စမ်းသပ်သည့်ကာလအလွန်တွင်တော့ အတည်ပြုပေးသည့်စနစ်ဟာပါဝင်လာနိုင်ပြီး တစ်သီးပုဂ္ဂလကုမ္ပဏီများအနေနဲ့ register ပြုလုပ်လာနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး သင့်အနေနဲ့ လည်း ထို email ဟာ အတုအယောင်တစ်ခုကနေပေးပို့လာတဲ့ email ဖြစ်နေမလားဆိုတာကိုလည်း အလွယ်တကူခွဲခြားသိရှိနိုင်တော့မှာဖြစ်ပါတယ်။ 

(Unicode)

Spam မြားဟာ email မြားအားလုံးရဲ့ ၅၄% ခန့ျကိုနရောယူထားလကြျရှိပါတယျ။ 







သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။