Google Fi is getting end-to-end encrypted phone calls

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

8.11.2021 | Google Fi မှတဆင့် ဖုန်းခေါ်ဆိုမှုများကို end-to-end encryption နည်းပညာထည့်သွင်းပေးသွားရန်ရှိနေ

လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင်းတွင် Google ဟာ ၎င်းတို့ရဲ့ Google Fi MVNO ပေါ်ရှိ ဖုန်းခေါ်ဆိုမှုများကို end-to-end encryption နည်းပညာထည့်သွင်းပေးသွားတော့မှာဖြစ်တယ်လို့ Google မှ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကြေငြာချက်တစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။

ဆိုလိုတာကတော့ အဆိုပါလုပ်ဆောင်ချက်ကို enable ပြုလုပ်ထားလိုက်တာနဲ့ Google အပါအဝင်၊ မည်သူတစ်ဦးတစ်ယောက်ကမှ အဆိုပါဖုန်းခေါ်ဆိုမှုအတွင်းက ပြောဆိုမှုများကို ကြားဖြတ်နားထောင်မှုပြုလုပ်နိုင်တော့မှာမဟုတ်ပါဘူး။ လက်ရှိတွင် ထိုကဲ့သို့ end-to-end encrypted ပြုလုပ်ထားသည့် အသံဖြင့်ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်နိုင်သည့် FaceTime နှင့် WhatsApp ကဲ့သို့သော ဝန်ဆောင်မှုများ များစွာရှိနေပြီဖြစ်သော်လည်း Google Fi ရဲ့ အဆိုပါလုပ်ဆောင်ချက်အသစ်ဟာ သာမန်ဖုန်းခေါ်ဆိုမှုများအတွက် default အနေနဲ့ ဖြစ်သွားစေမှာပဲဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ အဆိုပါလုပ်ဆောင်ချက်တွင် ကန့်သတ်ချက်အချို့ရှိနေဆဲဖြစ်ပြီး Google ရဲ့ end-to-end encryption ဟာ Android ဖုန်း (၂) လုံးအကြားရှိ ဖုန်းခေါ်ဆိုမှုများကိုသာ end-to-end encrypt ပြုလုပ်ပေးနိုင်မှာဖြစ်ပြီး အသုံးပြုသူ (၂) ဦးစလုံးဟာလည်း Google Fi ရဲ့ subscription ကို ဝယ်ယူထားရမှာ ဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။