Google Expands Its Global Cloud Regions

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

31.12.2020 | Google မှ သူတို့ရဲ့ Global Cloud Region များကို တိုးချဲ့မှုများပြုလုပ်ခဲ့ 

Google မှ မကြာသေးမှီကပြုလုပ်ခဲ့တဲထုတ်ပြန်ချက်တစ်ရပ်အရ Chile, Germany နဲ့ Saudi Arabia နိုင်ငံများအတွက် Cloud Region အသစ် ၃ ခုကို ထုတ်လွှင့်ပေးလိုက်ပြီဖြစ်ကာ လာမည့်နှစ်တွင် စတင်၍ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ ယခုအခါတွင် Google Cloud ဟာ စုစုပေါင်း ဒေသ ၂၄ခု၊ ဇုန် ၇၃ ခုနှင့် နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် operate ပြုလုပ်လျှက်ရှိနေပါတယ်။

ယခု ၂၀၂၀ ခုနှစ်အတွင်းတွင် Google ဟာ Jakarta (Indonesia), Las Vegas (U.S), Salt Lake City (U.S) နဲ့ Seoul (South Korea) တို့တွင်လည်း Cloud Region ၄ ခုကို အသစ်ထပ်မံထုတ်လွှင့်ပေးခဲ့တဲ့အပြင် နောက်ထပ် Doha (Qatar), Madrid (Spain), Milan (Italy) နဲ့ Paris (France) တို့တွင်လည်းထပ်မံ၍ Cloud Region များကို ထုတ်လွှင့်ပေးသွားဦးမှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ၃ နှစ်မတိုင်မှီက Google Cloud ဟာ ဒေသ ၁၃ ခုတွင်သာ offer ပြုလုပ်နိုင်စွမ်းရှိခဲ့သော်လည်း ယခုအခါရှိနေတဲ့ Cloud Region များနှင့်နှိုင်းယှဉ်ကြည့်လိုက်ပါက Google ဟာ သူတို့ရဲ့ Cloud နည်းပညာများအပေါ်တွင် များစွာရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားကြောင်းကို သိရှိနိုင်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။