Google confirmed plans to block Android 2.3 devices from signing-in 

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

8.9.2021 | Android 2.3 Device များမှ sign-in ဝင်ရောက်ခြင်းအား တားမြစ်သွားမည့်အစီအစဉ်ကို Google မှ အတည်ပြုခဲ့

Google ဟာ အသုံးပြုသူများအနေနဲ့ Android 2.3 နဲ့ ထို့ထက်နိမ့်သော Device များမှ သူတို့ရဲ့ Google Account များသို့ Sign-in ဝင်ရောက်ခြင်းအား တားမြစ်သွားမည့်အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ Google ရဲ့ ပြောစကားအရ သူတို့ဟာယခုအခါ အဆိုပါ Platform အတွက် အထောက်အပံ့ပေးနေခြင်းကို ရပ်ဆိုင်းသွားတော့မှာဖြစ်ပြီး “ဒါဟာ အသုံးပြုသူများကို ပိုမို၍လုံခြုံမှုရှိစေရန်အတွက်” လုပ်ဆောင်ခဲ့ရတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

ဖေဖော်ဝါရီလ ၂၀၁၇ ခုနှစ်ကလည်း Google ဟာ Google Pay contactless payment များကို Android 2.3 ကိုအသုံးပြုနေတဲ့ handset များတွင် ရပ်ဆိုင်းခဲ့ပြီး ယခုအခါ စက်တင်ဘာလ ၂၇ ရက်နေ့မှစတင်၍ Android 2.3 ကိုအသုံးပြုနေတဲ့ user များအားလုံးကို သူတို့ရဲ့ Google Account များသို့ ဝင်ရောက်နိုင်ခွင့်ကိုပါ ပိတ်ပင်သွားတော့မှာ ဖြစ်ပါတယ်။ 

ယခုလကုန်ခန့်မှစတင်၍ Android 2.3 နှင့် အောက် Android device များပေါ်မှ login ပြုလုပ်မည့် အသုံးပြုသူများအနေနဲ့ သူတို့ထည့်သွင်းလိုက်တဲ့အချက်အလက်များဟာ မှန်ကန်မှုရှိနေရင်တောင်မှ Username နဲ့ Password error ဆိုတဲ့စာတန်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အလားတူပဲ Google Calendar (သို့မဟုတ်) Google Account များကို device ပေါ်တွင် ထည့်သွင်းဖို့ကြိုးစားရာတွင်လည်း အဆိုပါ error ကို တွေ့မြင်ရနိုင်သလို အခြားသော Google account အပေါ်မှီခိုနေရတဲ့ Google app များဖြစ်တဲ့ - YouTube, Google Play Store, Google Maps, Gmail, Google Calender အစရှိသည်တို့ကိုလည်း အသုံးပြု၍ရနိုင်တော့မှာမဟုတ်ပါဘူး။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။