Google Chat will be free-to-use in 2021

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.10.2020 | Google Chat ကို ၂၀၂၁ ခုနှစ်တွင် အခမဲ့အသုံးပြုနိုင်တော့မည်။ 

Google ရဲ့ အဆိုအရ သူတို့ရဲ့ Google Chat ဝန်ဆောင်မှုဟာ ၂၀၂၁ ခုနှစ်ပထမနှစ်ဝက်အတွင်း သုံးစွဲသူ အားလုံးအတွက် အခမဲ့ရရှိနိုင်တော့မှာဖြစ်ပါတယ်။ အဆိုပါဝန်ဆောင်မှုကို အရင်က လုပ်ငန်းများအတွက် သာ ရည်ရွယ်ထားတဲ့ GSuite app ပေါ်တွင်သာရရှိနိုင်ခဲ့တာဖြစ်ပါတယ်။ (ယခုအချိန်တွင် G Suite ကို “Google Workspace” ဟူ၍ လူသိများကြပါသည်။)

ယခင်က Google Chat ကို ဝင်ရောက်အသုံးပြုနိုင်ရန်အတွက် G Suite ကို ဝယ်ယူဖို့ လိုအပ်ခဲ့ပါတယ်။ သို့သော် ၂၀၂၁ ခုနှစ်မှစတင်၍ ဒီဝန်ဆောင်မှုကို အသုံးပြုသူများအားလုံးက အခမဲ့ရယူနိုင်တော့မှာပဲဖြစ်ပါတယ်။ Google က သူတို့အနေနဲ့ Google Hangouts မှ Chat သို့ ပြောင်းရွှေ့ရာတွင် ချော့မွေ့မှုရှိစေလိုပြီး သင့်ရဲ့ Hangouts တွင်ပြောဆိုထားခဲ့တဲ့ စကားပြောဆိုမှုများနဲ့ contact များ၊ history များကိုပါ အလိုအလျှောက်ပြောင်းရွှေ့ပေးသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ 

Google Chats ကို အသုံးပြုသူများပြားလာသည်နှင့်အမျှ Hangouts ကိုလည်း Google က ဖျက်သိမ်းသွားမှာဖြစ်ပါ တယ်။ ထိုကိစ္စကို ၂၀၁၈ ခုနှစ်ကတည်းက Google က ပြောကြားခဲ့ဖူးပြီး ယခုအခါတွင်တော့ ဒီ shutdown ပြုလုပ်ဖို့နဲ့ ပြောင်းရွှေ့မှုပြုလုပ်ဖို့အတွက် အသေးစိတ်ကျတဲ့အစီအစဉ်များဟာ Google Hangout နဲ့ ထိုအရာကို အမှီသဟဲပြုနေရတဲ့ ဝန်ဆောင်မှုများအတွက် ထွက်ရှိ၍လာခဲ့ပြီပဲဖြစ်ပါတယ်။ Google Fi support, Google Voice support, Phone call များလုပ်ဆောင်နိုင်ခြင်း အစရှိတဲ့ဝန်ဆောင်မှုများကို Hangouts ပေါ်ကနေ ဖျက်သိမ်းသွားဖို့ရှိ တယ် ဆိုတာကိုလည်း Google ရဲ့ Blogpost တစ်ခုအရ သိရှိခဲ့ရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။