Google Assistant on Wear OS has been broken for months

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

4.3.2021 | Wear OS ပေါ်ရှိ Google Assistant ဟာ လပေါင်းများစွာ သုံးမရဖြစ်နေခဲ့ 

Wear OS ပေါ်ရှိ Google Assistant ကို လပေါင်းများစွာ အသုံးပြု၍မရဖြစ်နေခဲ့သော်လည်း Google မှာလုပ်ကိုင်နေတဲ့ မည်သူတစ်ဦးတစ်ယောက်ကမှ ထိုအရာကိုရိပ်မိခြင်းမရှိခဲ့သေးပါဘူး။ လွန်ခဲ့တဲ့ ၄ လခန့်ကတည်းက Wear OS ကိုအသုံးပြုနေသူအချို့ဟာ public Android issue tracker ပေါ်တွင် “OK Google” command word ဟာ Wear OS ပေါ်တွင် အလုပ်မလုပ်ပဲဖြစ်နေကြောင်းကို thread တစ်ခု ရေးသား၍တင်ထားခဲ့ပါတယ်။ နောက်ပြီး များစွာသောအသုံးပြုသူများရဲ့အဆိုအရ အဆိုပါ feature ဟာ လပေါင်းများစွာအကြာကတည်းက အသုံးပြု၍မရနိုင်ဖြစ်နေခဲ့တယ်လို့ Ars ရဲ့ သတင်းတစ်ပုဒ်အရ သိရှိခဲ့ရပါတယ်။ 

ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးကတော့ မကြာသေးမှီက “ကုမ္ပဏီက အချို့သောအသုံးပြုသူများအနေနဲ့ တွေ့ကြုံနေရတဲ့ ပြဿနာများကို သိရှိထားပြီး သူတို့အနေနဲ့ ဒီအရာများကို ပိုမိုကောင်းမွန်လာစေရန်ပြုလုပ်ဖို့နဲ့ overall အတွေ့အကြုံများ ပိုမိုကောင်းမွန်လာစေဖို့ကို ပြုလုပ်သွားမှာဖြစ်တယ်” လို့ ဆိုခဲ့ပါတယ်။ သို့ပေမယ့်လည်း Google က ဒီပြင်ဆင်မှုဟာ ဘယ်လောက်အထိကြာဦးမှာလည်းဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်းမပြုသွားခဲ့ပါဘူး။ 

အဆိုပါ Wear OS ရဲ့ အသံစနစ်ပျက်စီးနေခြင်းကို မသိရှိခဲ့ခြင်းဟာ Wear OS ဟာ dead platform တစ်ခုဖြစ်နေပြီး Google မှ ထိုအရာကိုမျက်ကွယ်ပြုလိုက်ပြီဆိုတာကို ပြသလျှက်ရှိနေပါတယ်။ Wear OS အတွက် Google မှ နောက်ဆုံးကြီးကြီးမားမား update ပြုလုပ်ပေးခဲ့ခြင်းဟာ ၂၀၁၈ ခုနှစ်တွင်ဖြစ်ပြီး များစွာသော Google ရဲ့ ဝန်ဆောင်မှုအသစ်များဟာ အဆိုပါ platform ကို အထောက်အပံ့မပေးတော့ဖို့ ရွေးချယ်ခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။