Google asks to test a new type of wireless broadband

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

25.8.2020 | Google က wireless broadband အသစ်တစ်မျိုးကိုစမ်းသပ်ရန် ခွင့်ပြုချက်တောင်းခံခဲ့ 

Google က FCC ထံမှ 6GHz စမ်းသပ်မှုတစ်ခုကို အမေရိကန်ပြည်နယ် ၁၇ ခုတွင်လုပ်ဆောင်နိုင်ရန်အတွက် ခွင့်ပြုချက်တောင်းခံခဲ့သည်ဟု Business Insider မှ သတင်းတစ်ရပ်အရ သိရှိခဲ့ရပါတယ်။ ဒီ frequency များဟာ တည်ငြိမ်တဲ့ broadband connection ကိုပေးစွမ်းနိုင်သလားဆိုတာကို စမ်းသပ်နိုင်ဖို့အတွက် 6GHz band များကို စမ်းသပ်ပြုလုပ်လိုနေတာပဲဖြစ်ပါတယ်။ 

Google က အမေရိကန်နိုင်ငံရှိ ပြည်နယ် ၁၇ ခုဖြစ်တဲ့ Arizona, California, Colorado, Florida, Georgia, Illinois, Iowa, Kansas, Nebraska, New York, North Carolina, Oklahoma, Oregon, Texas, Utah နှင့် Virginia တို့ရှိမြို့များတွင်စမ်းသပ်မှုများပြုလုပ်နိုင်ဖို့ ခွင့်ပြုချက်ကိုတောင်းခံခဲ့တာဖြစ်ပါတယ်။ California တွင် သူတို့ဟာ Los Angeles နှင့် San Francisco အပါအဝင် မြို့ပေါင်း ၇ မြို့တွင် စမ်းသပ်သွားမှာပဲဖြစ်ပါတယ်။ 

FCC ဟာ လက်တလောကမှ 5G အတွက်အသုံးပြုနိုင်တဲ့ မှတ်ပုံမတင်ရသေးတဲ့ 6GHz spectrum တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ထိုအရာကို vehicle-to-vehicle ချိတ်ဆက်မှုများ၊ IoT နှင့် အခြားသောအရာများ အတွက်ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီ frequency ကို WiFi အတွက်အသုံးပြုပါက 5GHz ကြိမ်နှုန်းထက် ပိုမိုမြန်ဆန်တဲ့ wireless connection ကိုရရှိနိုင်မှာဖြစ်သော်လည်း ထိုသို့ရရှိနိုင်တဲ့ အကွာအဝေးကတော့ ပိုပြီးလျော့ကျသွားမှာပဲဖြစ်ပါတယ်။ Google ဟာ အခြားသောဝန်ဆောင်မှုများအတွက် စမ်းသပ်ချက်များကို လုပ်ဆောင်နေတာလည်း ဖြစ်နိုင်ပေမယ့် wireless အင်တာနက်အတွက်စမ်းသပ်ချက်များကိုလုပ်ဆောင်နေခြင်းကတော့ ပိုပြီးဖြစ်နိုင်ခြေရှိနေပါတယ်။ 

 

(Unicode)




သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။