Google and Facebook Announced Participation in Subsea Cable System

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.8.2021 | Google နှင့် Facebook တို့မှ ပင်လယ်အောက်ကေဘယ်လ်ကြိုးစနစ်သွယ်တန်းမှုတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေငြာ

အာရှပစိဖိတ်ဒေသအတွင်း အင်တာနက်ချိတ်ဆက်မှုကောင်းမွန်မှုရှိစေရေးအတွက် ပင်လယ်အောက်ကေဘယ်လ်ကြိုးစနစ်တစ်ခုကို ၂၀၂၄ ခုနှစ်တွင် အပြီးသွယ်တန်းနိုင်ရေးအတွက် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Google နှင့် Facebook တို့မှ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီ Apricot ဟုအမည်ရတဲ့ infrastructure project ဟာ ဂျပန်၊ စင်္ကာပူ၊ ထိုင်ဝမ်၊ Guam၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံများရဲ့ တိုးတက်လာတဲ့ Broadband လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရန်နှင့် 5G ကြိုးမဲ့စနစ်ကွန်ယက်ကိုရရှိနိုင်လာစေမှာဖြစ်ပါတယ် ဟူ၍ Facebook မှ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့မတ်လအတွင်း Facebook မှ စင်္ကာပူနှင့် U.S west coast ဒေသများကို ချိတ်ဆက်ပေးမည့် transpacific ပင်လယ်အောက် ကေဘယ်လကြိုး ၂ ခုအကြောင်းကို ကြေငြာမှုပြုလုပ်ခဲ့ပြီး Bifrost နှင့် Echo ဟု အမည်ပေးထားခဲ့ကာ Google ကတော့ Echo ပရောဂျက်တွင် ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Echo နှင့် Apricot ကေဘယ်လ်များဟာ complementary submarine system များဖြစ်ကြပြီး Google Cloud နှင့် ကုမ္ပဏီရဲ့ အခြားသော ဒီဂျစ်တယ်နည်းပညာဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်ဟူ၍ Google မှ blogpost တစ်ခုတွင်ပြောကြားခဲ့ပါတယ်။ အဆိုပါ အာရှပစိဖိတ်ဒေသကို ဖြတ်သန်း၍ သွယ်တန်းမည့် Fiber-optic link အသစ်ဟာ ကနဦးဒီဇိုင်းများအရ တစ်စက္ကန့်လျှင် 190 terabit အထိရရှိနိုင်မှာဖြစ်တယ်လို့ Facebook ရဲ့ ပြောဆိုချက်အရ သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။