Google and Amazon were fined for ad-tracking cookies

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.12.2020 | Google နဲ့ Amazon တို့ဟာ ad-tracking cookies များကြောင့် ဒဏ်ကြေးများ ပေးဆောင်ခဲ့ရ 

Google ကို ပြင်သစ်အစိုးရမှ နိုင်ငံရဲ့ advertising tracker (cookies) များအပေါ်ထားရှိသော ဥပဒေများကို ချိုးဖောက်ခဲ့တဲ့အတွက် ယူရိုငွေ သန်း ၁၀၀ ဒဏ်ရိုက်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒါဟာ ပြင်သစ်နိုင်ငံ ဒေတာလုံခြုံရေးကော်မရှင် CNIL မှ ချမှတ်ခဲ့တဲ့ အကြီးမားဆုံးသော ဒဏ်ကြေးတစ်ရပ်ဖြစ်ပါတယ်။ ထို့အပြင် အမေရိကန်လက်လီရောင်းဝယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Amazon ဟာလည်း ပြင်သစ်နိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်ခဲ့တဲ့အတွက် ယူရိုငွေ ၃၅ သန်း ဒဏ်ရိုက်ခံခဲ့ရပါသေးတယ်။ 

Google နဲ့ Amazon တို့ရဲ့ ပြင်သစ်ဘာသာ website များဟာ ဝင်ရောက်ကြည့်ရှုသူများရဲ့ သဘောတူညီချက် မရှိပဲ advertising cookies များကို ထိုသူတို့ရဲ့ ကွန်ပြူတာများအတွင်း save ပြုလုပ်စေခဲ့တယ်လို့ CNIL မှ ဆိုထားခဲ့ပါတယ်။ ထို့အပြင် အဆိုပါကုမ္ပဏီ ၂ ခုဟာ ဒီ online tracker များကို မည်သို့အသုံးချသွားမလဲဆိုတာနဲ့ ပတ်သက်၍လည်း တိကျရှင်းလင်းတဲ့အသိပေးမှုများကို ပြုလုပ်ရန်နဲ့ အဆိုပါ ပြင်သစ်ဘာသာ website များသို့ ဝင်ရောက်ကြည့်ရှုသူများအနေနဲ့ cookies များကို မည်သို့ငြင်းဆို၍ရနိုင်သလဲဆိုတဲ့အရာများကို ပြောကြားရန် ပျက်ကွက်ခဲ့တယ်လို့ ဆိုထားခဲ့ပါတယ်။ 

လက်ရှိအခြေအနေအရတွင် CNIL ဟာ အဆိုပါနည်းပညာကုမ္ပဏီကြီး ၂ ခုအား သူတို့ရဲ့ website များပေါ်ရှိ banner များတွင်ဖော်ပြထားသော အချက်အလက်များကိုပြောင်းလဲဖို့ အချိန် ၃ လ ပေးထားခဲ့ပြီး အကယ်၍ ထိုအချိန်သတ်မှတ်ချက်ကျော်လွန်သည်အထိ ပြောင်းလဲပြင်ဆင်မှုများကို ပြုလုပ်ရသေးခြင်းမရှိပါက ပြောင်းလဲမှုများမပြုလုပ်မှီအချိန်အထိ တစ်ရက်လျှင် ယူရိုငွေ ၁၀၀,၀၀၀ ကို ဆက်လက်၍ပေးဆောင်သွားရမှာ ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။