Google acquired Raxium a MicroLED startup for their AR project

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.5.2022 | သူတို့ရဲ့ AR စီမံကိန်းအတွက် MicroLED startup ကုမ္ပဏီတစ်ခုဖြစ်တဲ့ Raxium ကို Google မှ ဝယ်ယူ

Google ရဲ့ hardware ပိုင်းဆိုင်ရာ အကြီးအကဲတစ်ဦးဖြစ်သူ Rick Osterloh မှ ကုမ္ပဏီဟာ Raxium လို့ အမည်ပေးထားတဲ့ ဖွင့်လှစ်ခဲ့တာ ၅ နှစ်ခန့်သာရှိသေးသော MicroLED နည်းပညာကုမ္ပဏီတစ်ခုကို ဝယ်ယူလိုက်ပြီဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ 

အဆိုပါ MicroLED နည်းပညာဟာ AR, VR နှင့် Mixed Reality headset မျိုးဆက်သစ်များကို တည်ဆောက်ရာတွင် အရေးပါလာနိုင်တယ်လို့ သိရှိရပြီး ဒါကိုကြည့်ခြင်းအားဖြင့် Google ဟာ AR နည်းပညာပိုင်းတွင် ကြီးမားတဲ့အကြံအစည်တခုခုကိုပြုလုပ်နေပြီဖြစ်ပြီး ထိုအရာကိုချပြနိုင်ဖို့ဟာလည်း တဖြည်းဖြည်းနဲ့ နီးကပ်လာပြီဆိုတာကို သိနိုင်မှာဖြစ်ပါတယ်။  

ယခင်ကလည်း ဖန်သားပြင်များကိုထုတ်လုပ်ပေးသည့် North ဆိုတဲ့ ကုမ္ပဏီတစ်ခုကို ၂၀၂၀ ခုနှစ်တွင် ဝယ်ယူမှုပြုလုပ်ခဲ့ပြီး Augment Reality operating system တစ်ခုကို တည်ဆောက်ရန်အတွက် Engineer များကို ဌားရမ်းခေါ်ယူမှု ပြုလုပ်ခဲ့ပါသေးတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။