General Motors Strikes A Deal with Local Mining Company in the United States to Source Lithium

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.7.2021 | Lithium ဒြပ်စင်ကို ရရှိနိုင်ရန်အတွက် General Motors မှ အမေရိကရှိ သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုခဲ့ 

General Motors ဟာ လျှပ်စစ်ကားများရဲ့ ဘက်ထရီများထုတ်လုပ်နိုင်ရန် အဓိကလိုအပ်တဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်သော Lithium ဒြပ်စင်များကို ဝယ်ယူနိုင်ရန်အတွက် အမေရိကရှိ သတ္တုသိုက်များတွင် သတ္တုတူးဖော်ရေးပြုလုပ်လျှက်ရှိနေသော ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်းသိရှိရပါတယ်။ 

General Motors ဟာ Australia နိုင်ငံအခြေစိုက် Controlled Thermal Resources (CTR) ဟု အမည်ရသော သတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုရဲ့ အမေရိကရှိ တစ်ခုတည်းသော အကြီးဆုံး lithium brine အရင်းအမြစ်သိုက်တစ်ခုဖြစ်တဲ့ California ပြည်နယ် Salton Sea Geothermal Field တွင်ပြုလုပ်လျှက်ရှိနေသည့် lithium တူးဖော်ရေးလုပ်ငန်းများကို ပိုမို၍ အရှိန်အဟုန်မြှင့်လုပ်ဆောင်နိုင်စေရန်အတွက် ဒေါ်လာသန်းနှင့်ချီသော ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

“Lithium ဒြပ်စင်ဟာ ဈေးနှုန်းချိုသာပြီး သက်တမ်းကြာရှည်သော လျှပ်စစ်ယာဉ်များကို ကျွန်ုပ်တို့အနေနဲ့ အနာဂါတ်တွင် ထုတ်လုပ်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဒြပ်သတ္တုတစ်ခုဖြစ်ပါတယ်” ဟူ၍ General Motors ရဲ့ strategy and cell engineering အတွက် general director တစ်ဦးဖြစ်သူ Tim Grewe မှ ပြောကြားခဲ့ပါတယ်။  

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။