GBMC Health Care in the US got a ransomware attack!

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

13.12.2020 | အမေရိကန်ပြည်ထောင်စုအတွင်းရှိ GBMC HealthCare ကို Ransomware တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့

အမေရိကန်ပြည်ထောင်စုအတွင်းရှိ Baltimore တွင်ရှိသော GBMC HealthCare Center မှ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် IT system များအပေါ် ထိခိုက်မှုဖြစ်စေခဲ့သော Ransomware တိုက်ခိုက်မှုကို ခံစားခဲ့ရကြောင်း ထုတ်ပြန်ကြေငြာချက်တစ်ခုအရ သိရှိခဲ့ရပါတယ်။ "System များစွာ down သွားခဲ့သော်လည်း GBMC HealthCare တွင် ရှိထားနှင့်ပြီးသော လုပ်ငန်းစဉ်များအရ ထိရောက်ပြီးလုံခြုံမှုရှိစွာ လူနာများကို ကုသပေးနိုင်ခဲ့ပါတယ်" ဟူ၍လည်း အဆိုပါထုတ်ပြန်ကြေငြာချက်တွင် ရေးသားထားခဲ့ပါတယ်။

“ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ထံသို့ ယုံကြည်စွာပေးအပ်ထားတဲ့ အချက်အလက်များကို လျှို့ဝှက်သိုသိပ်စွာနှင့် လုံခြုံမှုရှိစွာ တန်ဖိုးထားထိန်းသိမ်းခဲ့ပါတယ်။ ယခုတစ်ခါတိုက်ခိုက်မှုတွင် ဆေးကုသသူများရဲ့ မည်သို့သော အချက်အလက်များမဆို ခိုးယူခံရကြောင်းအထောက်အထားများကို မတွေ့ရှိခဲ့ရပါဘူး။ ပြင်ပရှိကျွမ်းကျင်သူများ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့သားများနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လေ့လာစစ်ဆေးမှုများကို ယခုအခါတွင် စတင်ဆောင်ရွက်လျှက်ရှိနေပြီဖြစ်ပြီး သိရှိလာတဲ့အချက်အလက်များကိုလည်း တတ်နိုင်သရွေ့ အသိပေးသွားမှာ ဖြစ်ပါတယ်။” ဟု GBMC HealthCare မှ ထုတ်ပြန်ကြေငြာချက်တွင် ရှင်းလင်းပြောကြားထားပါတယ်။"

“ဆေးကုသမှုခံယူနေသူများကို ဂရုစိုက်ပေးဖို့ဟာ ကျွန်ုပ်တို့ရဲ့ နံပါတ် (၁) ဦးစားပေးအရာတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ facility များကိုအသုံးပြုနေသူများအတွက် တစ်မူထူးခြားကောင်းမွန်တဲ့ ဝန်ဆောင်မှုများကို ဆက်လက်၍ ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၇ရက်နေ့အတွက် schedule ပြုလုပ်ထားတဲ့ procedure များအပေါ် ထိခိုက်မှုများရှိလာနိုင်တဲ့အတွက် ပြန်လည်ချိန်းဆိုမှုပြုလုပ်လိုက်တဲ့ ဆေးကုသမှုခံယူသူများကို ကျွန်ုပ်တို့မှ ဆက်သွယ်အကြောင်းကြားပေးခဲ့ပါတယ်။” ဟူ၍လည်း GBMC မှ သူတို့ရဲ့ ထုတ်ပြန်ကြေငြာချက်အတွင်းတွင် အသိပေးပြောကြားခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။