Free Fire World Series 2021 will be held in Singapore Featuring a $2,000,000 Prize Pool

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

26.3.2021 | အမေရိကန်ဒေါ်လာ ၂ သန်း ဆုကြေးငွေပမာဏရှိသော Free Fire World Series 2021 ကို စင်္ကာပူတွင်ကျင်းပသွားမည်

IGN ရဲ့ သတင်းတစ်ပုဒ်အရ Free Fire World Series (FFWS) ရဲ့ ဒုတိယမြောက် ပြိုင်ပွဲကို စင်္ကာပူနိုင်ငံတွင်၂၀၂၁ ခုနှစ် မေလအတွင်း ကျင်းပသွားရန်ရှိနေပြီး အမေရိကန်ဒေါ်လာ ၂ သန်း ဆုကြေးငွေပမာဏကို ချီးမြှင့်သွားမှာဖြစ်ကြောင်းနဲ့ အဆိုပါပမာဏဟာ ဂိမ်းရဲ့သမိုင်းတစ်လျှောက်အကြီးမားဆုံးဆုကြေးငွေပမာဏဖြစ်ကြောင်းကို သိရှိခဲ့ရပါတယ်။ 

ထို့အပြင် အဆိုပါပွဲဟာ COVID-19 ကာလအပြီးတွင် ပြင်ပကမ္ဘာမှာကျင်းပမည့် ပထမဆုံး Free Fire tournament ပြိုင်ပွဲလည်းဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ Free Fire ပြိုင်ပွဲများအားလုံးကို အဝေးမှသာ ယှဉ်ပြိုင်စေခဲ့ပြီး ပထမဆုံး FFWS ပြိုင်ပွဲကိုတော့ ၂၀၁၉ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ Rio de Janerio မြို့တွင် ကျင်းပခဲ့ကာ လူကြည့်အများဆုံးအချိန်တွင် ကြည့်ရှုသူပေါင်း ၂ သန်းခန့်ကို ရရှိခဲ့ပါတယ်။ 

ယခုတစ်ခေါက်မှာလည်း ဒေသပေါင်း ၁၄ ခုမှ အသင်းပေါင်း ၂၂ သင်းဟာ စင်္ကာပူနိုင်ငံသို့ လာရောက်၍ mobile esports ဂိမ်း title များအကြား အကြီးမားဆုံးဆုကြေးငွေများထဲမှ တစ်ခုအပါအဝင်ဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၂ သန်းအတွက် FFWS tournament တွင် ယှဉ်ပြိုင်သွားကြမှာပဲဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။