Foxconn’s Shenzhen factories resume operations after lockdown

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

29.3.2022 | Foxconn ရဲ့ Shenzhen စက်ရုံများ lockdown ကာလအပြီးတွင် ပြန်လည် လည်ပတ်လျှက်ရှိ

Reuters သတင်းဌာနမှ သတင်းတစ်ပုဒ်အရ လျှပ်စစ်ပစ္စည်းများကို အကြီးမားဆုံးထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Foxconn က ၎င်းတို့ဟာ Shenzhen တွင် partial lockdown ပြုလုပ်မှုကြောင့် ၎င်းတို့ရဲ့စက်ရုံများ လည်ပတ်မှု ရပ်နားထားရခြင်းကို ပြန်လည်စတင်လည်ပတ်သွားတော့မှာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

သတင်းစာရှင်းလင်းပွဲတစ်ခုတွင် Foxconn က ၎င်းတို့ဟာ “ပုံမှန်လုပ်ငန်းလည်ပတ်မှုများကို ဆောင်ရွက်နေပြီဖြစ်ပြီး Longhua နှင့် Guanlan ပြည်နယ်ရှိစက်ရုံများတွင် ထုတ်လုပ်ရေးလုပ်ငန်းများကို ပြန်လည်လည်ပတ်နေပြီဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။ သို့သော်လည်း ၎င်းတို့ဟာ “ကပ်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး” လုပ်ငန်းစဉ်ပေါ်လစီများအတိုင်း တင်းကြပ်စွာ ကျင့်သုံးဆောင်ရွက်သွားမှာဖြစ်ပြီး အချို့သောဝန်ထမ်းများကို သီးခြားပူဖေါင်းများအတွင်းမှ အလုပ်လုပ်စေမှာဖြစ်တယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါသေးတယ်။

အဆိုပါသတင်းအရ Shenzhen ပြည်နယ်ရဲ့ ဒေသတစ်ခုဖြစ်တဲ့ Fujian ဒေသရှိ ၎င်းတို့ရဲ့ဝန်ထမ်းများကိုတော့ Work from home အဖြစ်သာ ဆက်လက်၍ အလုပ်လုပ်ကိုင်ကြဖို့ ညွှန်ကြားထားကြောင်းကိုလည်း သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။