Fossil promises Alexa is coming to its smartwatches ‘soon’

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.1.2022 | Fossil မှ ၎င်းတို့ရဲ့ smartwatch များတွင် Alexa ကိုမကြာမှီထည့်သွင်းပေးသွားမည်ဟု ကြေငြာ

မကြာသေးမှီကပြုလုပ်ခဲ့တဲ့ CES event အပြီးတွင် Fossil ဟာ ၎င်းတို့ရဲ့ Gen 6 smartwatch များတွင် လုပ်ဆောင်ချက်အသစ်တစ်ခုအနေနဲ့ Amazon ရဲ့ Alexa smart assistant ကို ထည့်သွင်းပေးသွားမည်ဟု ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။ 

9to5Google သို့ပေးပို့ခဲ့တဲ့ statement တစ်ခုတွင် အဆိုပါ update ကို ၂၀၂၂ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းတွင် ရောက်ရှိလာမှာဖြစ်တယ်လို့ Fossil မှ ရေးသားထားခဲ့ပြီး ဖြစ်နိုင်တာကတော့ Alexa ဟာ Wear OS 3 update မတိုင်မှီတွင် ရောက်ရှိလာနိုင်ဖွယ်ရှိနေပါတယ်။ 

Fossil ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Robyn Sills ကတော့ Alexa ဟာ Fossil ရဲ့ Gen 6 device များသို့ ယခုနှစ်အစောပိုင်းတွင် ရောက်ရှိလာမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ Fossil မှ The Verge သို့ ပေးပို့ခဲ့တဲ့ Skagen Falster 6 နှင့် Razer x Fossil Gen 6 smartwatch တွင်တော့ Alexa အတွက် widget တစ်ခုပါဝင်နေခဲ့ပြီး အဆိုပါ widget ကို tap ပြုလုပ်လိုက်တဲ့အခါမှာတော့ Alexa ကို အသုံးပြု၍ရနိုင်ခြင်း မရှိသေးပဲ “coming soon” ဆိုတဲ့ message ကိုပဲ တွေ့မြင်ရဦးမှာဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။