Former Senior Manager of eBay got sentenced for a total of 36 months in Prison for committing Cybercrime

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

7.8.2021 | ဆိုက်ဘာရာဇဝတ်မှုကျူးလွန်ခဲ့တဲ့အတွက် eBay ရဲ့ Senior Manager တစ်ဦးအား ထောင်ဒါဏ် ၃၆ လ ကျခံရန်အတွက် ပြစ်ဒဏ်ချမှတ်ခဲ့

eBay ရဲ့ Global Security Team တွင် Senior Manager of Security Operations အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သော Philippe Cooke ဟာ Cyberstalking ပြုလုပ်ခြင်းနှင့် မျက်မြင်သက်သေများကို အတုပြုလုပ်ခြင်းတို့အား ပူးပေါင်းကြံစည်မှု ပြုလုပ်ခဲ့တဲ့အတွက် Federal ထောင်အတွင်း ၃၆ လ ပြစ်ဒဏ်ကျခံရန်အတွက် ဇူလိုင်လ ၂၈ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သတင်းများအရ သိရှိရပါတယ်။

အမေရိကန်နိုင်ငံ၊ Massachausetts ပြည်နယ်တရားရုံးမှ ထုတ်ပြန်ခဲ့တဲ့ အဆိုပါအမိန့်အရ ထိုသူအား ပြစ်မှုတစ်ခုစီအတွက် ၁၈ လစီဖြင့် ဆက်တိုက်ကျခံရန်အတွက် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဒဏ်ကြေးအနေနဲ့ ကန်ဒေါ်လာ ၁၅,၀၀၀ ကိုလည်း ဒဏ်ရိုက်ခဲ့တဲ့အပြင် ထောင်မှပြန်လည်လွတ်လာတဲ့အခါတွင်လည်း နောက်ထပ် ၃ နှစ် စောင့်ကြည့်မှုများကို ပြုလုပ်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

အမေရိကန် တရားရေးရာဌာနရဲ့ ထုတ်ဖော်ပြောကြားချက်အရ ၂၀၁၉ ခုနှစ်တွင် Cooke ဟာ Massachusetts ပြည်နယ် Natick မြို့တွင်နေထိုင်သော EcommerceBytes ဟုအမည်ရတဲ့ သတင်း website တစ်ခုကို စီမံခန့်ခွဲလျှက်ရှိတဲ့ Ina Steiner နဲ့ David Steiner ဟုအမည်ရတဲ့ စုံတွဲအား နောက်ယောင်ခံမှုပြုလုပ်ခဲ့ခြင်းအား စီစဉ်ရာတွင်နှင့် အဆိုပါပြစ်မှုကို ဖုံးကွယ်ဖို့ကြိုးစားရာတွင် ပါဝင်ကူညီခဲ့ကြောင်း သိရှိရပါတယ်။ Cooke ဟာ ချိန်းခြောက်စာများ၊ ပိုးဟပ်အရှင်များ၊ လွမ်းသူ့ပန်းခွေများနှင့် သွေးစွန်းနေသော ရာဘာဝက်ရုပ်ပုံ မျက်နှာဖုံးများကို အဆိုပါစုံတွဲရဲ့ နေအိမ်သို့ ပေးပို့မှုများပြုလုပ်ခဲ့ကြတဲ့အတွက် တိုင်ကြားမှုပြုလုပ်ခံရတဲ့ eBay ဝန်ထမ်း ၇ ဦးထဲမှ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

သက်သေတင်ပြခဲ့တဲ့ Text Message များတွင် eBay ရဲ့ Executive အဖွဲ့ဝင် ၂ ဦးဖြစ်တဲ့ Steven Wymer နဲ့ Devin Wenig တို့ဟာ EcommerceByte ရဲ့ eBay အကြောင်း ရေးသားခဲ့တဲ့ သတင်းတစ်ပုဒ်ကို မကျေနပ်တဲ့အတွက် eBay ရဲ့ ယခင် Chief Communications Officer ဖြစ်သူ Steven Wymer က “ဒီမိန်းမကို ကောင်းကောင်းပညာပေးရမယ်” ဟူ၍ editor ဖြစ်သူ Ina Steiner ကို ရည်ညွှန်း၍ရေးသားခဲ့သလို၊ အခြားသော စာတစ်စောင်အတွင်းတွင် ယခင်က CEO အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ Devin Wenig က Wymer သို့ “သူမကို ဖယ်ရှားပစ်လိုက်” ဟူ၍ ရေးထားထားခြင်းများကို တွေ့ရှိခဲ့ရပါတယ်။ Wenig နဲ့ Wymer တို့ဟာတော့ တရားစွဲဆိုမှုမခံခဲ့ရသော်လည်း Wymer ကို အလုပ်မှထုတ်ပယ်ပစ်ခဲ့ပြီး Wenig ကတော့ resign ပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။