Former President Trump sues Twitter to reinstate his account

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

7.10.2021 | အမေရိကန်သမ္မတဟောင်း Trump မှ သူ့ရဲ့အကောင့်ကိုပြန်ဖွင့်ပေးရန် Twitter ကို တရားစွဲဆိုမှုပြုလုပ်ခဲ့

အမေရိကန်သမ္မတဟောင်း Donald Trump မှ Twitter ကို သူ့ရဲ့အကောင့်အားပြန်လည်ဖွင့်ပေးရန် ဖိအားပေးဖို့အတွက် Florida ပြည်နယ်တွင် တရားစွဲဆိုမှုပြုလုပ်ခဲ့ပြီး Twitter ရဲ့ ပိတ်ပင်မှုများဟာ Florida ပြည်နယ်တွင် အသစ်ထပ်မံပြဌာန်းလိုက်သည့် Social Media ဥပဒေနှင့်ညိစွန်းနေသည်ဟုဆိုကာ တရားစွဲဆိုမှုပြုလုပ်ခဲ့ပါတယ်။

သောကြာနေ့ညက Florida တောင်ပိုင်းပြည်နယ်တွင် ပြုလုပ်ခဲ့တဲ့ အဆိုပါတရားစွဲဆိုမှုဖိုင်မှတ်တမ်းများအရ Trump က Twitter ဟာ “အမေရိကန်ကွန်ဂရက်လွှတ်တော်အဖွဲ့ဝင်များနဲ့ပူးပေါင်း၍” သူ့အား တားမြစ်ပိတ်ပင်မှုများပြုလုပ်နေကြောင်း” နှင့် Twitter ဟာ “လူအများကြားတွင် ငြင်းခုန်မှုများ အများဆုံးဖြစ်ပွားရာ အဓိကနေရာတစ်ခုဖြစ်ကြောင်း” ကိုလည်း ပြောဆိုသွားခဲ့ပါတယ်။

Twitter မှ ၎င်းရဲ့ @RealDonaldTrump အကောင့်ကို ဇန်နဝါရီလ ၆ ရက်နေ့တွင်ကျင်းပခဲ့တဲ့ ၂၀၂၀ သမ္မတရွေးကောက်ပွဲတွင် Joe Biden အနိုင်ရရှိခဲ့မှုနှင့် ပတ်သက်၍ Trump ထောက်ခံသူများမှု ပြုလုပ်ခဲ့သော ပြင်းထန်တဲ့ ဆန္ဒပြမှုများအပြီး ၂ ရက်အကြာတွင် သူတို့ရဲ့ social media platform ပေါ်မှ ယာယီစတင်ဖယ်ရှားခဲ့ပြီး နောက်ထပ် ၂ ရက်အကြာတွင် ဥပဒေများကို ထပ်ဖန်တလဲလဲချိုးဖောက်လျှက်ရှိတဲ့အတွက် Trump ရဲ့ အကောင့်ကို ထာဝရပိတ်ချခဲ့ခြင်းဖြစ်ပါတယ်။ အခြားသော social media platform များဖြစ်တဲ့ Facebook, Snapchat, YouTube တို့မှလည်း Trump ရဲ့ အကောင့်များကို အသီးသီးပိတ်ချခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။