FDA authorizes Pfizer-BioNTech COVID-19 vaccine for children 5-11

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.11.2021 | အသက် ၅ နှစ်မှ ၁၁နှစ် အတွင်းရှိ ကလေးငယ်များအတွက် Pfizer-BioNTech COVID-19 ရောဂါကာကွယ်ဆေးကို FDA မှ သုံးစွဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်းကြေငြာ 

အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ Pfizer-BioNTech COVID-19 ရောဂါကာကွယ်ဆေးကို အသက် ၅ နှစ်မှ ၁၁ နှစ်အတွင်းရှိ ကလေးငယ်များအတွက် အရေးပေါ်အသုံးပြုခွင့်ကို ခွင့်ပြုချက်ချမှတ်ပေးခဲ့ကြောင်း သတင်းများအရ သိရှိရပါတယ်။ 

FDA ဟာ အဆိုပါခွင့်ပြုချက်ကို ၎င်းတို့ရဲ့တစ်သီးပုဂ္ဂလ အကြံပေးကော်မတီအဖွဲ့ဝင်များမှ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကာကွယ်ဆေးထိုးနှံဖို့ ခွင့်ပြုပေးရေးအဆိုကိုအပြည့်အဝမဲပေးထောက်ခံခဲ့ကြတဲ့အတွက် ၎င်းတို့ရဲ့အကြံပေးချက်အတိုင်း ခွင့်ပြုချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

Pfizer နှင့် BioNTech တို့မှ ဦးစီးပြုလုပ်ခဲ့သော အသက် ၅နှစ်မှ ၁၁နှစ်အတွင်းရှိ ကလေးငယ်စုစုပေါင်း ၂,၂၅၀ ဦးပါဝင်တဲ့ clinical trial တစ်ခုတွင်လည်း သူတို့ရဲ့ရောဂါကာကွယ်ဆေးဟာ COVID-19 ရောဂါကိုကာကွယ်ရာတွင် ၉၁% အထိ ထိရောက်မှုရှိကြောင်းဖော်ပြထားပြီး ကလေးငယ်ပေါင်း ၃,၁၀၀ ခန့်အတွက် ထိုးနှံခဲ့ရာတွင် ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးများကို လုံးဝမတွေ့ရှိခဲ့ရကြောင်း သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။