Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) မှ Novavax COVID-19 ရောဂါကာကွယ်ဆေးကို အသက် ၁၈ နှစ်နှင့်အထက်ရှိသူများအတွက် စတုတ္ထမြောက်ကာကွယ်ဆေးထိုးနှံမှုကို ခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ်။
လက်ရှိဈေးကွက်အတွင်းရှိနေပြီးသား ကာကွယ်ဆေးတွေနဲ့ မတူတဲ့အချက်ကတော့ ဒီဆေးဟာ protein ကိုအခြေခံထားတဲ့ ရောဂါကာကွယ်ဆေးတစ်ခုဖြစ်ပြီး virus ရဲ့ spike protein အပိုင်းအစလေးတွေကို ခန္ဓာကိုယ်အတွင်း တိုက်ရိုက်ပေးပို့ပေးနိုင်တဲ့ ကာကွယ်ဆေးတစ်ခုဖြစ်ပါတယ်။
ဓါတ်ခွဲခန်းစမ်းသပ်ချက်များအရ အဆိုပါဆေးဟာ COVID-19 ရောဂါကို ကာကွယ်ရာတွင် ထိရောက်မှု ၉၀ ရာခိုင်နှုန်းရှိတယ်လို့သိရှိရသော်လည်း အဆိုပါစမ်းသပ်ချက်များဟာ ၂၀၂၁ ခုနှစ်အစောပိုင်းကာလများတွင် ပြုလုပ်ခဲ့တာဖြစ်ပြီး ထိုအချိန်က Delta နဲ့ Omicron မျိုးကွဲများမရှိသေးတဲ့အတွက် ယခုအချိန်မှာတော့ ရောဂါကာကွယ်နိုင်မယ့် ရာခိုင်နှုန်းဟာ ၉၀ ရာခိုင်နှုန်းထက် နည်းပါးနေနိုင်ပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။