Facebook will restore news content to its users in Australia

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

7.3.2021 | Facebook မှ ဩစတေးလျနိုင်ငံသားများအတွက် သတင်းများကိုပြန်လည်ဖွင့်ပေးတော့မည်ဖြစ်ကြောင်း ကြေငြာခဲ့ 

Facebook ဟာ ဩစတေးလျနိုင်ငံမှသတင်းများကို သူတို့ရဲ့ပလက်ဖောင်းပေါ်မှ ၂၅ ရက်နေ့၊ ဖေဖော်ဝါရီလမှ စတင်ကာဖယ်ရှားခဲ့ပါတယ်။ အဆိုပါလုပ်ဆောင်ချက်ဟာ Facebook နဲ့ Google တို့အနေနဲ့ ဩစတေးလျနိုင်ငံမှ သတင်း content များအတွက် အခကြေးငွေပေးရန်တောင်းဆိုသောကိစ္စရပ်နဲ့ပတ်သက်၍ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့သောကြောင့်ဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။ 

ဩစတေးလျနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Josh Frydenberg ရဲ့အဆိုအရ Facebook ရဲ့ CEO ဖြစ်သူ Mark Zukerberg မှ အဆိုပါဖယ်ရှားပိတ်ပင်မှုကို “လာမည့်ရက်များအတွင်း” ပြန်လည်ဖွင့်လှစ်ပေးသွားမယ်ဟု ပြောဆိုခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ Mr Frydenberg မှ ဥပေဒေအရပြင်ဆင်မှုများကိုလည်း ပြုလုပ်သွားမှာဖြစ်ပြီး “Facebook ဟာလည်း ဩစတေးလျနဲ့ပြန်လည်၍မိတ်ဆွေဖွဲ့လိုက်ပြီ” ဟူ၍လည်း ပြောကြားခဲ့ပါသေးတယ်။ 

အဆိုပါတားမြစ်ပိတ်ပင်မှုဖြစ်လာရခြင်းရဲ့အကြောင်းအရင်းကိုတော့ Facebook က ဩစတေးလျနိုင်ငံမှ သတင်းများကို ဖယ်ရှားပိတ်ပင်ခဲ့ရခြင်းဟာ ချမှတ်လိုက်တဲ့တရားဥပဒေများကြောင့်ဖြစ်ပြီး ဩစတေးလျအစိုးရမှ ချမှတ်လိုက်တဲ့ ဥပဒေအသစ်ကြောင့်ဖြစ်တယ်လို့ ပြန်လည်ချေပခဲ့ပါတယ်။ ဩစတေးလျအစိုးရဖက်မှတော့ ထိုဥပဒေကို နည်းပညာကုမ္ပဏီကြီးများနဲ့ သတင်းကုမ္ပဏီများအကြား သတင်းများရဲ့တန်ဖိုးကို ဆုံးဖြတ်ညှိနှိုင်းရာတွင် ပိုမို၍မျှတသောညှိနှိုင်းရေးလုပ်ငန်းစဉ်တစ်ရပ်ရှိလာစေရန် ရည်ရွယ်၍ ချမှတ်ခဲ့တာဖြစ်ကြောင်းဆိုခဲ့ပေမယ့် Facebook နဲ့ Google တို့ကတော့ အဆိုပါဥပဒေဟာ အင်တာနက်ပေါ်မှာဘယ်လိုမျိုးလုပ်ကိုင်နေကြသလဲဆိုတာရဲ့အပေါ် လွဲမှားတဲ့ထင်မြင်ယူဆချက်တွေနဲ့ရေးဆွဲထားတဲ့ ဥပဒေဖြစ်နေကြောင်း ပြောကြားခဲ့ကြပြီး Facebook က သူတို့ရဲ့ သတင်း content များမှရရှိသောအမြတ်အစွန်းဟာ မဆိုစလောက်ကိုနည်းပါးလှကြောင်းကိုလည်း ဖြည့်စွက်ပြောဆိုခဲ့ပါသေးတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။