Facebook will lift its temporary ban on Political ads in the United States

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.3.2021 | အမေရိကန်နိုင်ငံအတွင်း နိုင်ငံရေးမဲဆွယ်မှုကြော်ငြာများကို ယာယီပိတ်ပင်ထားခြင်းအား Facebook မှ ပြန်လည် ဖယ်ရှားပေးခဲ့ 

နိုဝင်ဘာလ ၃ ရက်နေ့ခန့်ကစ၍ အမေရိကန်နိုင်ငံအတွင်းရွေးကောက်ပွဲကျင်းပရာတွင် သတင်းအမှားများပျံ့နှံ့ခြင်းနှင့် တိုက်ခိုက်မှုများကို တားဆီးကာကွယ်နိုင်ရေးအတွက် Facebook ဟာ လပေါင်းများစွာကြာမြင့်သော နိုင်ငံရေး၊ ရွေးကောက်ပွဲနှင့် လူမှုရေးဆိုင်ရာ ကြော်ငြာများကို ပိတ်ပင်မှုများ ချမှတ်ခဲ့ပါတယ်။ ယခုအခါမှာတော့ ၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် အဆိုပါပိတ်ပင်ထားခြင်းအား မတ်လ ၄ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း blogpost တစ်ခုမှတဆင့် ကြေငြာပေးလိုက်ပြီပဲ ဖြစ်ပါတော့တယ်။ 

ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့၊ မတ်လ ၃ ရက်နေ့အစောပိုင်းတွင် အမေရိကန်နိုင်ငံ Democratic Congressional Campaign Committee (DCCC) နှင့် Democratic Senatorial Campaign Committee (DSCC) တို့မှ အဆိုပါပိတ်ပင်ထားမှုအပေါ် တိကျတဲ့နောက်ဆုံးရက်သတ်မှတ်မထားခြင်းအတွက် ဝေဖန်မှုများပြုလုပ်ခဲ့ပြီး အဆိုပါတားမြစ်မှုကြောင့် campaign များနဲ့ အဖွဲ့အစည်းများအနေနဲ့ မဲပေးသူများထံသို့ ရောက်ရှိနိုင်ရန် ပိုမို၍ ခက်ခဲလာကြောင်း ဝေဖန်ထောက်ပြတဲ့ သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ 

Blogpost တစ်ခုတွင် Facebook မှ ရေးသားထားသည့်အကြောင်းအရာများအရ သူတို့ရဲ့ စနစ်များဟာ နိုင်ငံရေးနှင့် ရွေးကောက်ပွဲဆိုင်ရာကြော်ငြာများနှင့် “လူမှုရေးကိစ္စဆိုင်ရာ” ကြော်ငြာများအကြား ခွဲခြားသိမြင်နိုင်ခြင်းမရှိကြောင်း သတိထားမိခဲ့ကြောင်းကိုလည်း ရေးသားထားခဲ့ပြီး သူတို့အနေနဲ့ လာမည့်လများအတွင်း သူတို့ရဲ့ ကြော်ငြာစနစ်များအတွင် မည်သို့သောပြောင်းလဲမှုများကို ပြုလုပ်ရန်လိုအပ်မည်ကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ရေးသားထားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။