Facebook was taken to Court by Untied States Department of Justice

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.12.2020 | Facebook အား အမေရိကန် တရားရေးရာဌာနမှ တရားစွဲဆိုမှု ပြုလုပ်ခဲ့

ပြီးခဲ့တဲ့ ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၀၃ ရက်နေ့တွင် Facebook ဟာ အမေရိကန်ပြည်ထောင်စုရှိလုပ်သား များကို ခွဲခြားဆက်ဆံမှုပြုလုပ်လျှက်ရှိပြီး အမေရိကန်လုပ်သားများထက် နိုင်ငံရပ်ခြားရှိ H-1B ဗီဇာကိုင်ဆောင် ထားသူများကိုသာ permanent အလုပ်အကိုင်များပေးအပ်လျှက်ရှိသည်ဟုဆိုကာ အမေရိကန်ပြည်ထောင်စု တရားရေးရာဌာနမှ တရားစွဲဆိုမှုတစ်ရပ်ပြုလုပ်ခြင်းကို ခံခဲ့ရပါတယ်ဟူ၍ Arstechina မှ သတင်းများအရ သိရှိရပါတယ်။

H-1B ဆိုသည်မှာ နိုင်ငံရပ်ခြားမှ အလုပ်လာရောက်လုပ်ကိုင်သူများအတွက် အမေရိကန်ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်ရန် ၃ နှစ်တာကာလ သတ်မှတ်၍ ထုတ်ပြန်ပေးသော ဗီဇာအမျိုးအစားတစ်ခုဖြစ်ပြီး တစ်ကြိမ်သာ ပြန်လည်၍ သက်တမ်းတိုးခွင့်ရှိမှာဖြစ်ပါတယ်။ ထို့နောက်တွင်တော့ လုပ်ငန်းရှင်မှ ရွှေ့ပြောင်းနေထိုင်သူဝန်ထမ်းကို အမေရိကန်အလုပ်သမားရေးရာဌာနရဲ့ PERM certification program အရ အမြဲတမ်းလုပ်ကိုင်ခွင့်အား ပေးအပ်နိုင်ဖို့ လျှောက်ထားရမှာဖြစ်ပါတယ်။ ထိုသို့ပြုလုပ်နိုင်ခြင်းမရှိမှီတွင် လုပ်ငန်းရှင်ဖက်မှ အလုပ်ကို အမေရိကန်လူမျိုးများလျှောက်ထားနိုင်စေရန်အတွက် ဦးစွာကြေငြာပေးရမှာဖြစ်ပြီး ကိုက်ညီသော အမေရိကန်ပြည်သူ အလုပ်သမားများ မရှိမှသာလျှင် အဆိုပါအလုပ်ဟာ ရွှေ့ပြောင်းလုပ်သားများထံသို့ ရောက်ရှိနိုင်မှာဖြစ်ပါတယ်။

သို့သော် - အမေရိကန်တရားရေးရာဌာနရဲ့အဆိုအရ Facebook ရဲ့ ဝန်ထမ်းခေါ်ယူမှုလုပ်ငန်းစဉ်များဟာ အလုပ်အကိုင်အများစုကို Online ပေါ်မှတဆင့်သာ ကြေငြာမှုပြုနေပြီး e-mail များအားဖြင့် လျှောက်ထားနိုင်နေသောကြောင့် အထက်ပါလိုအပ်ချက်အား လျစ်လျူရှုလျှက်ရှိနေတယ်ဟူ၍ ပြောကြားခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။