Facebook revenue grows by 22%, Uncertainty lies ahead

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

10.11.2020 | Facebook ရဲ့ အမြတ်ငွေများ ၂၂% အထိတိုးပွားခဲ့သော်လည်း မရေရာမှုများကတော့ ရှိနေဆဲ 

CNN Business သတင်းများအရ - ကပ်ရောဂါကာလဟာ Facebook အတွက်တော့ အကျိုးအမြတ်များကို ရရှိစေခဲ့ပါတယ်။ သို့သော်လည်း Facebook ကတော့ ဒီအရာများအပြီးတွင် မရေရာမှုများနဲ့သာ ပြည့်နှက်နေတယ်လို့ ဆိုသွားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့က Facebook မှ ကြေငြာမှုတစ်ရပ်ကို ထုတ်ပြန်ခဲ့ရာတွင် သူတို့ရဲ့ နေ့စဉ်နှင့် လစဉ် active user များဟာ အမေရိကန်နှင့် ကနေဒါနိုင်ငံများတွင် ယခုနှစ်ရဲ့နောက်ဆုံး ၃ လတာကာလအတွင်း ကျဆင်းလျှက်ရှိတယ်လို့ ဆိုခဲ့ပြီး ဒီအရာက ဆက်လက်၍ဖြစ်ပွားဦးမှာဖြစ်တယ်လို့ သူတို့ကမျှော်မှန်းထားကြပါ သေးတယ်။ သို့သော် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်နှိုင်းစာလျှင်တော့ သူတို့ရရှိခဲ့တဲ့အမြတ်ငွေများရဲ့ စုစုပေါင်း ပမာဏဟာ ယခင်နှစ်များနှင့် နှိုင်းစာလျှင် ၂၂% ($21.47 ဘီလီယံ) တိုးပွားလာခဲ့ပြီး အသားတင်ဝင်ငွေပမာဏဟာ တော့ ၂၉% ($7.85 ဘီလီယံ) အထိ ပိုမိုရရှိခဲ့တယ်ဟူ၍ ဆိုထားပါတယ်။ 

စက်တင်ဘာလတွင်အဆုံးသတ်သော ပြီးခဲ့သည့် ၃လတာ ကာလအတွင်းတွင် Monthly active user ပေါင်း ၂.၇၄ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်များနှင့် နှိုင်းစာလျှင် ၁၂% ပိုမို၍ တိုးပွားလာတယ်လို့ သိရှိခဲ့ရပါတယ်။ Facebook မှပိုင်ဆိုင်ထားတဲ့ များစွာသော app များဖြစ်ကြတဲ့ Instagram, Messenger နဲ့ WhatsApp တို့ကို စုပေါင်းကာ စာရင်းပြုစုကြည့်လိုက်မယ်ဆိုပါက Facebook မှထုတ်ပြန်ချက်များအရ ၁၄% ပိုမိုတိုးပွားခဲ့ပြီး active user ပေါင်း ၃.၂၁ ဘီလီယံ ရှိခဲ့တယ်လို့ ဆိုခဲ့ပါတယ်။  

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ Stay-at-home အမိန့်များနှင့် စည်းမျဉ်းများ ပြေလျော့မှုရှိလာသည်နှင့် အမျှ active ဖြစ်နေတဲ့ အသုံးပြုသူပမာဏဟာ ကျဆင်းလာမှာဖြစ်ပြီး အနာဂါတ်တွင် ယခင်နှစ်များထက်ပင် ကျဆင်းလာနိုင်ခြေရှိနေတယ်လို့ Facebook ကတော့ မျှော်မှန်းထားကြပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။