Facebook moderators in Dublin office complained about COVID-19 risks

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

26.10.2020 | Dublin မြို့ရှိ Facebook Moderator များက ရုံးအတွင်း COVID-19 ရောဂါကူးစက်ခံရနိုင်ခြေရှိနေတဲ့အခြေအနေများကြောင့် စောဒကတက်မှုများဖြစ်ပွားခဲ့

London (CNN Business) ရဲ့အဆိုအရ Facebook content များကို moderate ပြုလုပ်ပေးနေတဲ့ Dublin မြို့ရှိ contractor များဟာ Coronavirus ကူးစက်နိုင်ခြေရှိနေတဲ့ ကောင်းမွန်မှုမရှိတဲ့ လုပ်ငန်းခွင်အနေအထားများကြောင့် complain တက်မှုများပြုလုပ်ခဲ့ ကြပါတယ်။ 

Professional ဝန်ဆောင်မှုကုမ္ပဏီ Covalen မှ ဌားရမ်းခေါ်ယူခဲ့တဲ့ moderator များက online forum များတွင် ပြောဆိုခဲ့သည်ကတော့ သူတို့ကို work from home လုပ်ခွင့် မပေးသည့်အပြင် ရုံးအတွင်းတွင် လုပ်ဖော်ကိုင်ဖက်များလည်း အများအပြားရှိနေသည့် အတွက် social distancing ကို ပြုလုပ်၍မရနိုင်ဖြစ်နေပါတယ်ဟူ၍ ဆိုထားပါတယ်။ 

CNN Business နဲ့ပြောဆိုခဲ့ရာတွင်တော့ Facebook က ဒီကပ်ရောဂါစတင်ဖြစ်ပွားသည့် အချိန်ကတည်းက သူတို့ဟာ များစွာသော သူတို့ရဲ့ reviewer များကို work from home ပြုလုပ်စေခဲ့တယ်လို့ဆိုထားပါတယ်။ “သို့သော်လည်း အချို့သော အရေးကြီးတဲ့ content များကိုတော့ အိမ်မှတဆင့် review ပြုလုပ်၍မရနိုင်သည့်အချက်ကို ထည့်သွင်းစဉ်းစားပြီး နောက်တွင် reviewer များကို လန်ဒန်အစိုးရရဲ့လမ်းညွှန်ချက်၊ ခွင့်ပြုချက်များနဲ့အညီ ရုံးပြန်တက်စေခဲ့ပါတယ်။” ဟူ၍ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်တစ်ဦးမှ ပြောဆိုခဲ့ပါတယ်။ ကုမ္ပဏီဟာ ဝန်ထမ်းများရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက်ကို ဦးစားပေး၍လုပ်ဆောင်လျှက်ရှိနေပါတယ် ဟူ၍လည်း ထိုသူက ထပ်လောင်းပြောကြားခဲ့ပါ တယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။